Skip to main content

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အမေး ၊ အဖြေ အစီအစဉ် ဆက်လက်ထုတ်လွှင့်မည်

နေပြည်တော်၊ ဒီဇင်ဘာ ၂၁ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့ ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။

ဒီဇင်ဘာ ၂၂ ရက် အင်္ဂါနေ့ ညနေပိုင်းတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပညာရှင်များဖြစ်ကြသည့် ရန်ကုန်၊ ဆေးတက္ကသိုလ် (၂) မှ ပါမောက္ခ ဒေါက်တာအောင်သိန်းဌေး၊ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဒေါက်တာအေးသိန်းနှင့် ရှမ်းပြည်နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်တို့က ပြည်သူများ သိရှိမေးမြန်းလိုသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်းသည့် မေးခွန်းများအပေါ် ပြန်လည် ဖြေကြားချက် များကို ဆက်လက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။    

သတင်းစဉ်