Skip to main content

ဖလမ်းမြို့ မြို့ပြစီမံကိန်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

ဖလမ်း           ဒီဇင်ဘာ        ၂၀

ဖလမ်းမြို့ မြို့ပြစီမံကိန်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ် နှင့် ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက် တို့က အမှာစကားပြောကြားကြသည်။ ထို့နောက် မြို့ပြစီမံကိန်းလုပ်ငန်းဆောင်ရွက်မှုကို ဖလမ်းမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်က Power Point ဖြင့် ရှင်းလင်းသည်။ ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက မြို့ပြစီမံကိန်းနှင့်ပတ်သက်ပြီး အသီးသီး ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဖလမ်းမြို့ မြို့ပြစီမံကိန်းကို ပထမသုတ်အဖြစ် တလန်လိုရပ်ကွက် နှင့် ကျင်မွာလ် ရပ်ကွက်အတွင်းတွင် မြေကွက် (၂၄၇)ကွက်ကို ဖော်ဆောင်နိုင်ခဲ့ပြီး ပြည်သူများကို မြေကွက်များ ချထားနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ဂျွန်