Skip to main content

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင် လားရှိုးမြို့ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း ဝန်ထမ်းများနှင့် တွေ့ဆုံ

 

လားရှိုး ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင် သည် ယနေ့ မွန်းလွဲ(၁)နာရီအချိန်က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (လားရှိုး)ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ခြံစည်းရိုး ချိန်းလင့်ကာရံရေးကိစ္စ၊ စခန်းအဝင်ကွန်ကရစ်ပတ်လမ်း တည်ဆောက်ရေးကိစ္စများနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီရီချို၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးနှင့် တာဝန်ရှိသူများ သည် စခန်းအတွင်းရှိအမျိုးသမီးဆောင်သို့ သွားရောက်၍ တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး(ပြန်/ဆက်)