Skip to main content

ရှမ်းပြည်နယ်အစိုးရအဖွဲ့ လားရှိုးမြို့နယ် နမ္မဗောဒကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

တောင်ကြီး ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၊ နမ္မဗောဒကျေးရွာအုပ်စုအတွင်းရှိဒေသခံ ပြည်သူများနှင့် ယနေ့ နံနက်(၉)နာရီခွဲက အဆိုပါကျေးရွာ ရှိ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်း၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

နမ္မဗောဒကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်လင်းထွဋ်က ယခုလိုလာရောက် တွေ့ဆုံရခြင်းမှာ ယခင်ကဒေသခံပြည်သူများ တောင်းဆိုထားသည့် မီးသတ်ဝတ်စုံများလာရောက် ထောက်ပံ့ရခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးများလည်းအတူ လိုက်ပါလာသဖြင့် ဒေသခံပြည်သူများက လိုအပ်တာရှိပါက တင်ပြတောင်းဆိုကြရန် ပြောကြား ပြီး ပြည်နယ်ဝန်ကြီးများနှင့် မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နမ္မဗောဒကျေးရွာအုပ်စု အတွင်းရှိပြည်သူများမှ မူလတန်းအဆင့်စာသင်ကျောင်းများ၊ ကျောင်းအတွက် လိုအပ်လျက်ရှိသော အုတ်တံတိုင်းများ၊ ကျေးရွာပြည်သူများမှတ်ပုံ တင်ရရှိရေး ၊ကျေးရွာအဝင်လမ်းကောင်းမွန်ရေး၊ ဆရာ/ဆရာမဝန်ထမ်းအိမ်ရာ၊ ကျောင်းအိမ်သာ များ၊ ယာလယ်မြေ ပုံစံ(၇)အမြန်ဆုံးရရှိရေး၊ လျှပ်စစ်မီးလင်းရေး ကိစ္စရပ်များ တင်ပြတောင်းဆိုကြပြီး လားဟူနှစ်ခြင်း ခရစ်ယာန်အသင်းအုပ် ဆရာတော်မှ ကျေးရွာရှိလူမှုရေးအသင်းများ မှတ်ပုံတင်ရှိရေး ဆောင်ရွက်ပေးနိုင်ရန်တင်ပြကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က မူတန်းကျောင်းအတွက် လိုအပ်လျက် ရှိသော အုတ်တံတိုင်း ကိစ္စရပ်သည်ပြည်ထောင်စု ဘတ်ဂျက်ဖြင့် ဆောင်ရွက်ရမည်ဖြစ်သောကြောင့် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ကျေးရွာဒေသခံ ပြည်သူများကလည်း အလှူရှင်များ ဝိုင်းဝန်းပူးပေါင်း ရှာဖွေကြရန်ပြောကြားပြီး လားဟူတိုင်းရင်းလူမျိုးရေးရာဝန်ကြီးမှလည်း နမ္မဗော  ဒကျေးရွာ လူမှုကူညီရေးအသင်း မှတ်ပုံတင်ရရှိရေးကို အသင်းကော်မတီများ ဖွဲ့ပြီးပါက မိမိထံတင်ပြလာရန်နှင့် ကျေးရွာအတွက် လိုအပ် လျက်သော ကိစ္စရပ်များကို တိုင်းရင်းသားအလိုက် မခွဲခြားဘဲ အမြဲကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများကလည်း ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည် ပြောကြားကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် ဝန်ကြီးများ၊ လားဟူ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတို့မှ နမ္မဗေဒကျေးရွာအတွက် မီးသတ်ဝတ်စုံများ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ နမ္မဗေဒကျေးရွာရှိမူလတန်းကျောင်းအတွက် အုတ်တံတိုင်းကိုရှိုင်း နင်းမြန်မာကုမ္ပဏီလီမီတက် မန်နေဂျင်း ဒါရိုက်တာ သီဟသုဓမ္မမ ဏိဇောဓတရ ဦးကျော်စွာထွဋ်မှ လှူဒါန်းပေးကြောင်း သိရှိရသည်။

 မောင်မောင်သန်း(တောင်ကြီး)