Skip to main content

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မူဆယ်ခရိုင်အတွင်း လက်ရှိဆောင်ရွက်လျက်ရှိသော ကုန်စည်စီးဆင်းမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

တောင်ကြီး     ဒီဇင်ဘာ   ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်ခရိုင်အတွင်း လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းအခြေအနေများ ကုန်စည် စီးဆင်းမှု အခြေအနေများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့အား ရှင်းလင်းခြင်းကို ယနေ့ နံနက်(၉)နာရီက မူဆယ်ခရိုင်/မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မူဆယ်ခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်မှ မူဆယ်ခရိုင်အတွင်း လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ကုန်စည်စီးဆင်းမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် မှုများ၊ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ယာဉ် အခြေအနေများ၊ ယာဉ်စည်းကမ်း လမ်းစည်ကမ်း ဆောင်ရွက်မှုများ၊ နှစ်နိုင်ငံ နယ်စပ် ယာဉ်ကြောကျပ်တည်းမှုအခြေအနေများ စသည့်တို့ကို ရှင်းလင်းတင်ပြကြောင်း သိရသည်။

ဆက်လက်၍ ကုန်စည်စီးဆင်းမှုနှင့် ပတ်သက်၍ မူဆယ်(၁၀၅)မိုင်၊ နယ်စပ်ကုန်သွယ်ရေးဇုန် ကိစ္စရပ်များကို ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးမှ ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် က မူဆယ်ဒေသသည် အခက်အခဲဖြင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာတွင် ဖြေရှင်းရမည်ဆိုတာ သိရပါကြောင်း မူဆယ်ခရိုင်၏ ပြယုဂ် ဖြစ်သည့် မြို့တော်ခန်းမ ကိစ္စရပ်များလည်း ဆောင်ရွက်ပေးနိုင်ကြရန်နှင့် ကုန်သွယ်ရေးကိစ္စရပ်များတွင်လည်း နယ်စပ် ကုန်သွယ်ရေးမှ ညွှန်ကြားရေးမှူးတင်ပြသည့်အတိုင်း အခက်အခဲများ တွေ့ရှိရသည့်ကို သိရှိရပါကြောင်း၊ နယ်စပ်နိုင်ငံများ နှင့်နီးစပ်နေသောကြောင့် သည်းခံရပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ မှာကြားလိုသည်မှာ Mask တပ်ပေးကြရန်၊ လက်မကြာခဏ ဆေးပေးကြရန်၊ အားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အဆောက်အဦ ပျက်စီးနေမှုအား ကြည့်ရှုပြီး အသစ်အဖြစ် ရိပ်သာနှင့် စားရိပ်သာ တည်ဆောက်ရန် ကုမ္ပဏီမှ တာဝန် ရှိသူများက ရှင်းလင်းပြီး မူဆယ်ပြည်သူ့ ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး ဓါတ်ခွဲခန်းအား လှည့်လည် ကြည့်ရှုကာ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အလှူငွေ ကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ပေးအပ်ရာတာဝန်ရှိသူမှ လက်ခံရယူ ကြပြီး မူဆယ်ပြည်နယ် အားကစားကွင်း၌ ဖွင့်လှစ်ထားသော Quarantine Center ဝင်ရောက်နေသူများအတွက် မူဆယ်ဂရုဏာ လူမှုရေးကူညီမှုအသင်းအား ကျန်းမာရေး ထောက်ပံ့ပစ္စည်း၊ ကြက်ဥ၊ ဆီနှင့် ထောက်ပံ့ငွေ(၁၀)သိန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ပြည်နယ်ဝန်ကြီးများမှ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)