Skip to main content

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေး ဒုတိယအကြိမ်ညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

ထားဝယ် ဒီဇင်ဘာ ၁၇

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေး ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်

အစည်းအဝေးတွင် (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က လွတ်လပ်ရေးနေ့ အခမ်းအနားကို ကျန်းမာရေးညွှန်ကြား ချက်များနှင့်အညီ ပြုလုပ်ရန်လိုအပ်ပါကြောင်း၊ လွတ်လပ်ရေးနေ့အခမ်းအနားသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေးကြီးသည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ ရောင်စုံအလှမီးများတပ်ဆင်ရန်နှင့် ဝင်ပေါက်မုခ်ဦးအားပေါ်လွင် ထင်ရှားအောင် ပြုလုပ်ပေးစေလိုကြောင်း  အစည်းအဝေး တက်ရောက်လာသူများက လိုအပ်သည်များ အကြံပြု ဆွေးနွေး ပေးစေ လိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ကော်မတီဝင်များက ကျင်းပရေးစစ်ရေးပြအခမ်းအနားပြင်ဆင်ရေး လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးဘဏ္ဍာငွေရှာဖွေရေးဖိတ်ကြားရေးပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေးကြိုဆိုနေရာ ချထားရေးနှင့်ပို့ဆောင်ရေးကျန်းမာရေးစောင့်ရှောက်မှုစသည့် လုပ်ငန်းကော်မတီအလိုက်ရှင်းလင်း ဆွေးနွေး ခဲ့ကြသည်

အစည်းအဝေးသို့ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)