Skip to main content

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကွတ်ခိုင်မြို့၊ ကျန်းမာရေးစစ်ဆေးရေးဂိတ်သို့ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ကွတ်ခိုင် ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်း က ကွတ်ခိုင်မြို့အဝင် ကျန်းမာရေးစစ်ဆေးရေးစခန်းသို့ ထောက်ပံ့ငွေကြေးများ၊ စားသောက်ကုန်များနှင့် ကျန်းမာရေးအထောက်အကူပြု နှာခေါင်းစည်းများ လာရောက်ပေးအပ်ထောက်ပံ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွတ်ခိုင်မြို့အဝင် ကျန်းမာရေး စစ်ဆေးရေးစခန်း၌ တာဝန်ထမ်းဆောင်သူများအတွက် ငွေကျပ်ဆယ်သိန်းတိတိကို လည်းကောင်း၊ စားသောက်ကုန် များဖြစ်သော ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ဆီနှင့်သောက်ရေသန့်တိုကိုလည်းကောင်း၊ ကျန်းမာရေးအထောက်အကူပြု နှာခေါင်းစည်းများ ကိုလည်းကောင်း ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်နှင့် တာဝန်ရှိသူများက လက်ခံရယူသည်။

ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကွတ်ခိုင်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားကာ မူဆယ်မြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

ကိုမိုင်း(ပြန်/ဆက်)