Skip to main content

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် မန်ဆန်ရေကျကျေးရွာ ဒေသခံပြည်သူများ တွေ့ဆုံ

 

လားရှိုး ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် မန်ဆန်ရေကျကျေးရွာရှိ ဒေသခံပြည်သူများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က မန်ဆန်ရေကျဘုန်းတော်ကြီးကျောင်း သဥ္ဇဝတီဆောင်၌ကျင်းပသည်။

ထို့သို့တွေ့ဆုံရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က မန်ဆန်ရေကျကျေးရွာရှိ ဒေသခံပြည်သူများ၏ လိုအပ်ချက်များဆောင်ရွက်ပေးရန်နှင့် အစိုးရအဖွဲ့၏ သက်တမ်း(၃)လကျန်နေသေးသည့်အချိန်အတွင်း ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို အစိုးရအဖွဲ့မှ တက်ညီလက်ညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များရှိပါက တင်ပြကြရန်ပြောကြားပြီး ပြည်နယ်ဝန်ကြီးများနှင့် မိတ်ဆက်ပေးသည်။

ဆက်လက်၍ ဒေသခံပြည်သူ့တစ်ဦးမှ မန်ဆန်ရေကျကျေးရွာတွင် ဝန်ထမ်းများသဖြင့် အငြိမ်းစားပင်စင်ယူသည့်အခါ နေထိုင်ရန်အတွက် ရွာမြေများသတ်မှတ်ပေးရန် ရွာအဝင်လမ်းများ ကောင်းမွန်ရေးဆောင်ရွက်ပေးရန် တင်ပြရာ ပြည်နယ်ဝန်ကြီးနှင့် သက်ဆိုင်ရာဌာနများက ပြန်လည်ဖြေကြားကြောင်း သိရသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ဒေသခံပြည်သူများ၏ တောင်းဆိုချက်များ ဖြစ်သည့် လမ်း၊ ဆက်သွယ်ရေး၊ လျှပ်စစ်မီး မြေကိစ္စများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မန်ဆန်ရေကျကျေးရွာတွင် ကုမ္ပဏီများရှိသောကြောင့် သဟဇတဖြစ်အောင် နေထိုင်သွားကြရန် နိဂုံးချုပ်စကား၌ ပြောကြားသွားကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)