Skip to main content

ကချင်ပြည်နယ်အတွင်း (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဒီဇင်ဘာ   ၁၅

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားများကို ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် လူဦးရေအကန့်သတ် ဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ်သော်လည်း ယခင်နှစ်များကဲ့သို့ အားကစားပြိုင်ပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းကျင်းပ zတော့မည်မဟုတ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မှာကြားသည်။

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသည် နိုင်ငံတော်အခမ်းအနား ဖြစ်သည့်အတွက် မဖြစ်မနေကျင်းပပြုလုပ်ရမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါမှာ ပြည်နယ်အတွင်း တိုးပွားလာသည့် အခြေအနေရှိလာသည့်အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ လူဦးရေအကန့်အသတ်ဖြင့်သာ ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် က ပြောကြားသည်။

ယင်းနောက် ၂၀၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဦးစီးကော်မတီဝင် ပြည်နယ်ဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင် ပြည်နယ်အစိုးရအဖွဲ့ညွှန်ကြားရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးညွှန်ကြားချက်များ၊ ဆောင်ရွက်ရမည့် စံလုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ လူဦးရေအကန့်အသတ်ဖြင့် ဖိတ်ကြားနိုင်ရေး ညှိနှိုင်းဆွေးနွေး တင်ပြမှုများအပေါ် ပြည်နယ် ဝန်ကြီးချုပ်က အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးညွှန်ကြားချက်၊ ဆောင်ရွက် ရမည့် စံလုပ်ငန်းလမ်း ညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်သွားရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ပြည်နယ်(ပြန်/ဆက်)