နေပြည်တော် ဒီဇင်ဘာ ၈
COVID-19 ရောဂါဖြစ်ပွားမှု ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူကို ပညာပေးမျှဝေပေးမည့် “ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်းသိကောင်းစရာ အမေး/အဖြေ အစီအစဉ်” ကို နိုဝင်ဘာ၂၅ရက်မှစ၍ အပတ်စဉ်ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီ မိနစ် ၃၀ မှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
ဒီဇင်ဘာ ၉ ရက်(ဗုဒ္ဓဟူးနေ့) ညနေတွင် မြန်မာနိုင်ငံ၏ Digital အသွင် ပြောင်းမှုမှာ ICT အခန်းကဏ္ဍ၏ အရေးပါမှုနှင့် လက်ရှိမြန်မာနိုင်ငံ၏ အလုပ် အကိုင် အခွင့်အလမ်းအခြေအနေ၊ လူ့စွမ်းအားအရင်းအမြစ် အခြေအနေများနှင့် ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာအစီအစဉ်ကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးငြိမ်းဦးနှင့် မြန်မာနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုပညာအသင်း (HR ကျွမ်းကျင်သူ) ဒေါ်ရွှေရည်ဝင်းလဲ့တို့က ဆွေးနွေးကြမည်ဖြစ်ရာ ၎င်းဆွေးနွေးချက်များကို ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်