Skip to main content

အာရှသိပ္ပံ စခန်းချနေထိုင်ခြင်းအစီအစဉ်သို့ မြန်မာနိုင်ငံမှ ကျောင်းသား နှစ်ဦးနှင့် ကျောင်းသူ သုံးဦး တက်ရောက်ခွင့်ရရှိ

ရန်ကုန် သြဂုတ် ၂

တရုတ်နိုင်ငံ ဟောင်ကောင်တက္ကသိုလ်၌ ဩဂုတ် ၂ ရက်မှ ၈ ရက်အထိ ကျင်းပမည့် (၁၆) ကြိမ်မြောက် အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ် (Asian Science Camp 2026) သို့ မြန်မာနိုင်ငံမှ ကျောင်းသား နှစ်ဦးနှင့် ကျောင်းသူ သုံးဦးတို့ တက်​ရောက်ခွင့် ရရှိကြသည်။

အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ်ကို ၂၀၀၇ ခုနှစ်မှ စတင်ခဲ့ပြီး ဂျပန်၊ အိန္ဒိယ၊ ကိုရီးယား၊ အစ္စရေး၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ တရုတ်စ​သော အာရှတိုက်တွင်း နိုင်ငံများတွင် နှစ်စဉ်ကျင်းပခဲ့သည်။

အာရှတိုက်မှ နိုဘယ်ဆုရ သိပ္ပံပညာရှင်​များလာ​ရောက်၍ ကျောင်းသား ကျောင်းသူလူငယ်များနှင့်အတူ စခန်းချနေထိုင်ကြပြီး သိပ္ပံပညာရပ်ဆိုင်ရာ​ဟော​ပြောပွဲ​များ၊ ​လေ့လာ​ရေးခရီး​များ၊ သိပ္ပံပညာရပ် ဆိုင်ရာပြိုင်ပွဲ​များ ပါဝင်ကာ နှစ်စဉ်အာရှတိုက်မှ လူငယ် ၃၀၀ ခန့် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

မျိုးမင်းသူရ