Skip to main content

MNL U20 LEAGUE 2026 ပွဲစဉ် (၁၁) ပထမနေ့ပွဲစဉ်များတွင် ရန်ကုန်ယူနိုက်တက်၊ ရတနာပုံနှင့် ရန်ကုန်စီးတီးအသင်းတို့ သုံးမှတ်စီရယူ

ရန်ကုန် ဇူလိုင် ၃၁

MNL U20 League 2026 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁၁) ပထမနေ့ပွဲစဉ်များကို ယနေ့ ညနေ ၃ နာရီခွဲက သတ်မှတ်နေရာများတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက သစ္စာအားမာန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ ရတနာပုံအသင်းက Falcon အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် လည်း ကောင်း၊ ရန်ကုန်စီးတီးအသင်းက ဒဂုံစတားယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် လည်းကောင်း အနိုင်ရခဲ့သည်။

YUSC ကွင်း၌ ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ပွဲအစ ၄ မိနစ်တွင် ဆိုင်းဖုန်းက ဦးဆောင်ဂိုးသွင်းယူပေးခဲ့သည်။ ၁၄ မိနစ်တွင် သစ္စာအားမာန်အတွက် ချေပဂိုးကို ဟိန်းထက်ဇော်က ပြန်လည်သွင်းယူပေးခဲ့သဖြင့် ပထမပိုင်းတွင် သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။ ဒုတိယပိုင်း ပွဲချိန် မိနစ် ၅၀ တွင် မြတ်ဘုန်းခန့်က ရန်ကုန်ယူနိုက်တက်အတွက် အနိုင်ဂိုးသွင်းယူပေးခဲ့သဖြင့် နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဗဟန်းကွင်း၌ယှဉ်ပြိုင်ခဲ့သည့် ရတနာပုံနှင့် Falcon FC အသင်း ပွဲစဉ်တွင် ရတနာပုံအသင်းက (၂-၁) ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

သီဟဒီပကွင်း၌ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် ရန်ကုန်စီးတီးအသင်းက ဒဂုံစတားယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။

နေမျိုး၊ ဓာတ်ပုံ-MNL