နေပြည်တော် ဇူလိုင် ၂၀
ကမ္ဘာဖလားဗိုလ်လုပွဲကို ဇူလိုင် ၂၀ ရက် နံနက် ၁ နာရီခွဲက အမေရိကန်နိုင်ငံ နယူးဂျာစီကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ စပိန်အသင်းက တစ်လုံးထဲသောဂိုးဖြင့် အာဂျင်တီနားအသင်းကို အနိုင်ယူကာ ဗိုလ်စွဲခဲ့သည်။
ဥရောပချန်ပီယံ စပိန်အသင်းသည် လက်ရှိ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းအား ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ယှဉ်ပြိုင်ခဲ့ပြီး အာဂျင်တီးနားဂိုးသမား၏ လက်စွမ်းပြကာကွယ်မှုများကြောင့် မိနစ် ၉၀ အထိ သရေရလဒ်ထွက်ပေါ်ခဲ့သည်။
အချိန်ပိုမိနစ်တွင် အာဂျင်တီးနားအသင်းမှ ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ် အနီကတ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် စပိန်အသင်းက ပိုမိုဖိအားပေးကစားကာ အနိုင်ဂိုးရရှိခဲ့ခြင်းလည်းဖြစ်သည်။ အဆိုပါအနိုင်ဂိုးကို ပွဲကစားချိန် (၁၀၆)မိနစ်တွင် ဖာရန်တောရက်စ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
စပိန်အသင်းသည် ၂၀၁၀ ပြည့်နှစ်တွင် တောင်အာဖရိကနိုင်ငံ၌ ကျင်းပခဲ့သော ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နယ်သာလန်အသင်းကို ဗိုလ်လုပွဲတွင် အနိုင်ယူကာ ၎င်းတို့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားကို ဆွတ်ခူးရရှိခဲ့ပြီးနောက် ၁၆ နှစ်အကြာတွင် ဒုတိယအကြိမ် ကမ္ဘာ့ဖလား ရရှိခဲ့ခြင်းဖြစ်သည်။ အာဂျင်တီးနားအသင်းအနေဖြင့် ကမ္ဘာ့ဖလား နှစ်ကြိမ်ဆက်တိုက်ရရှိနိုင်မည့်အခွင့်ရေးကို လက်လွှတ်ခဲ့ရခြင်းလည်းဖြစ်သည်။
Credit- FIFA World Cup
