Skip to main content

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

ရန်ကုန် ဇူလိုင် ၁၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ညင်ချီ (ခ) လင်ကျစ်မြို့၌ ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (THE 5th CHINA XIZANG TRANS-HIMALAYA FORUM FOR INTERNATIONAL COOPERATION) သို့ တက်ရောက်ခဲ့သော ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၁၈ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ညင်ချီ (ခ) လင်ကျစ်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာကြသည်။

ထိုသို့ ထွက်ခွာရာတွင် ကိုယ်စားလှယ်အဖွဲ့အား ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရအဖွဲ့ ဒုတိယဥက္ကဋ္ဌ မစ္စတာကျောင်းပန်နှင့် တာဝန်ရှိသူများက လင်ကျစ်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ဒုတိယသမ္မတနှင့်အဖွဲ့သည် ဇူလိုင် ၁၉ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

သတင်းစဉ်