Skip to main content

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်မြို့ပြည်သူ့ဆေးရုံကြီးတွင် (၅)ထပ်လူနာဆောင်ဆောက်လုပ်မည့် နေရာအားကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည် ဒီဇင်ဘာ  ၁

 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုင်ဝင်ဘာလ (၃၀)ရက်နေ့ နံနက်()နာရီအချိန်က ပြည်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ()ထပ်လူနာ ဆောင်ဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ရန်နိုင်မောင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာရဲအောင်ထွန်းနှင့် အထူးကုဆရာဝန်ကြီးများမှ ပြည်မြို့ ပြည်သူ့ဆေးရုံကြီး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ COVID လူနာများအား ကုသပေးနေမှု အခြေအနေများ၊ ဆက်လက် ဆောင်ရွက်ရန် လျာထားလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်း က ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြု၊ ဆေးရုံဝန်ထမ်းများအားလုံး၏ ဆောင်ရွက်မှုများကို လေးစားစွာ ကျေးဇူးတင်ပါကြောင်း၊ ဆက်လက်၍လည်း ကြိုးစားဆောင်ရွက်ပေးဘို့ တိုက်တွန်းလိုပါကြောင်း၊ ယခုလာရသည့်အကြောင်းရင်းမှာလည်း မိမိတို့အစိုးရ လက်ထက်တွင် ပြည်ဆေးရုံကြီးအတွက် (၂၀၂၀-၂၀၂၁)ခု၊ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ခွင့်ရရှိထားသည့် -ထပ် လူနာဆောင် အဆောက်အဦအား ဆေးရုံကြီးမြေနေရာအတွင်း သင့်တော်မည့်နေရာတွင် တည်ဆောက်နိုင်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးနိုင်ရေးတို့ အတွက် လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များ၊ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် ဆောက်လုပ်ရေးဌာနမှ တာဝန်ရှိသူများနှင့် ဆွေးနွေး၍ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် COVID လူနာများအတွက် လိုအပ်နေသော အောင်စီဂျင်စက်ဝယ်ယူနိုင်ရေး အလှူရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များကိုလည်း ပံ့ပိုးကူညီ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ကာ ပြည်ခရိုင်အတွင်းရှိ မြို့နယ်များအပြင် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၊ ဧရာဝတီတိုင်းဒေသကြီး/ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်ဆေးရုံကြီးသို့ လာရောက်ပြသကြသော လူနာများ၏ လူနာစောင့်အချို့အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

  ပြည်မြို့ ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ယခုနှစ်တွင် စတင်ဆောက်လုပ်မည့် ()ထပ်လူနာဆောင်သည် အလျား (၂၄၀)ပေ၊ အနံ (၈၃)ပေ ကျယ်ဝန်းပြီး မြေညီထပ်တွင် အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ ပထမထပ်တွင် ခွဲစိတ်ခန်းမကြီးများနှင့် အထူးကြပ်မတ်ကုသဌာန၊ ဒုတိယ/တတိယထပ်တွင် လူနာဆောင်များနှင့် စတုတ္ထထပ်တွင် အစည်းအဝေးခန်းမ အဖြစ် အသုံးပြုရန် လျာထားကြောင်း သိရသည်

ပြည်-ခရိုင်(ပြန်ဆက်)