ရွှေတောင် နိုဝင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရွှေတောင်မြို့အတွင်းရှိ ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ လုပ်ဆောင်နေမှုအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ရွှေတောင်မြို့နယ် မယားမာန်ကျေးရွာအုပ်စု ရွှေနတ်တောင် စေတီတော် အနီးရှိ ဖက်စစ်တော်လှန်ရေးကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်း ခေတ္တတည်းခိုခဲ့သော ဇရပ်အား ရှေ့ဟောင်း သမိုင်းဝင် အမွေအနှစ် အဖြစ် ထိန်းသိမ်းဆောင်ရွက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များအား မှာကြားပြီး ဗိုလ်ချုပ် အောင်ဆန်း ခေတ္တတည်းခိုခဲ့သော ဇရပ်တွင် ဆရာတော် သံဃာတော် (၅) ပါးတို့အား ကထိန်လျာသင်္ကန်းများ ဆပ်ကပ် လှူဒါန်း ခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်- ရွှေနတ်တောင်- ညောင်စာရေး- ကွေ့မလမ်း အရှည် (၂၅မိုင်၄ဖာလုံ) အနက် မြို့နယ်ကျေးလက် ဦးစီးဌာနမှ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့သည့် (၉မိုင်၂ဖာလုံ) ကတ္တရာ ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ထားရှိမှု အခြေ အနေများ ကို ဒေသခံပြည်သူများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ညောင်စာရေးအုပ်စုနှင့် ဇီးကျွန်းကျေးရွာအုပ်စုရှိ ကိုယ်ထူကိုယ်ထ ဖောက်လုပ်ထားသည့် မြေနီလမ်းခင်းခြင်းအား လုပ်ငန်း များအားကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ညောင်စာရေးကျေးရွာအုပ်စု ရွှေမဉ္ဇူကျောင်းဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်၊ နိုင်ငံတော် ဝိနည်းဓိုရ် သာသန ဓဇဓမ္မာစရိယ၊ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကောဝိဒအား ဖူးမျှော်ကန်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဒေသခံပြည်သူများ နှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးအတွက် တင်ပြချက်များကို သက်ဆိုင်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေး ခဲ့သည်။
ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သောင်ပြင်ကုန်း အုပ်စုနှင့် ရှားပင်ကုန်း အုပ်စု အတွင်းရှိ မြေယာအငြင်းပွါးမှုများအပေါ် သောင်ပြင်ကုန်းအုပ်စုနှင့် ရှားပင်ကုန်းအုပ်စု တောင်သူကိုယ်စား လှယ်မှယ်များ၊ ခရိုင်/ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့် တွေ့ဆုံကာ မြို့နယ်ရှိတောင်သူများနှင့်တွေ့ဆုံကာ မလိုလားအပ်သည့် ပြသနာများ မဖြစ်ပေါ်စေရေးနှင့် ဥပဒေနှင့်အညီ ရှင်းလင်းဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)