Skip to main content

ဝန်ကြီးချုပ်ဦးဝင်းသိန်း သဲကုန်းမြို့နယ်၊ ရှမ်းတောကျေးရွာရှိ ဝဲကြီးချောင်းကူးတံတား တည်ဆောက်ပြီးစီးမှု အ​ခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

သဲကုန်း  နိုဝင်ဘာ  ၂၉

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့်အဖွဲ့သည် ယမန်နေ့ ညနေ နာရီခွဲအချိန်ကသဲကုန်းမြို့နယ်၊ ရင်းတိုက်မှော်အုပ်စု၊ ရှမ်းတော ကျေးရွာနှင့် မအူပင်ကွေ့ကျေးရွာ တို့အား ဆက်သွယ်ထားသည့် အကျယ်(၁၀)ပေ၊ အရှည် ၁၃၀ ပေခန့်ရှိ ကွန်ကရစ် အမျိုးအစား ဝဲကြီးချောင်းကူး (ဇေယျမင်္ဂလာတံတား)တည်ဆောက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ တာဝန်ရှိ သူများ၏ ရှင်းလင်းတင်ပြခဲ့မှုအပေါ် ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့်အဖွဲ့သည် အင်းမတိုက်နယ်ဆေးရုံသို့ရောက်ရှိ၍ ဆေးရုံတက်ရောက် ကုသနေသော လူနာများ အား ကြည့်ရှုအားပေးခဲ့ပြီး PPEဝတ်စုံ(၁၅)စုံ၊ Mask(၁၀)ဘူး၊ ရေမလိုလက်သန့် ဆေးရည်(၁၀)ဘူးတို့ကို ပေးအပ်လှူဒါန်းခဲ့ရာ အင်းမတိုက်နယ် ဆရာဝန် ဒေါက်တာကျော်မျိုးနိုင်က လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)