Skip to main content

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများမှ အင်္ဂပူမြို့ အဝင် စုပေါင်းစစ်ဆေးရေးဂိတ်များ၌ လိုအပ်သည်များ အသုံးပြုနိုင်ရေးအတွက် ထောက်ပံ့ ငွေများပေးအပ်

အင်္ဂပူ နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်တာဝန်ရှိသူ များသည် ယမန်နေ့နေ့လည် ၁ နာရီအချိန် ခန့် တွင် အင်္ဂပူမြို့အဝင်(ဆုံကုန်းတံတား) စုပေါင်းစစ်ဆေး ရေးဂိတ်သို့ ရောက်ရှိပြီးထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ဝန်ကြီးချုပ် ဦးလှမိုးအောင်မှ အင်္ဂပူမြို့နယ်အတွင်းရှိ စုပေါင်းစစ်ဆေးရေးဂိတ်တွင်  လိုအပ် သည် များ အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ငွေ ငါးသိန်းကျပ်ကို ပေးအပ်ရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ၊ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်နှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့သည်။ ထို့နောက် ဝန်ကြီး ချုပ်မှ စုပေါင်း စစ်‌ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင် နေကြသည့် ဝန်ထမ်းများ အနေဖြင့် နေရပ်သို့ ပြန်လည်ဝင်ရောက်လာသူများအား စနစ်တကျ စစ်ဆေး ရန်၊ တာဝန် ကျဌာနဆိုင်ရာ ဝန်ထမ်းများ အနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ညွှန်ကြားချက်၊ စည်းကမ်း ချက်များအာ လိုက်နာ ဆောင်ရွက် ရန်၊ ဝန်ထမ်းများ ကိုဗစ်၁၉  ရောဂါ ကူးစက်ခံရမှုမရှိစေရေး အထူးကရုပြု ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)