နေပြည်တော် ဇွန် ၁၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် နေပြည်တော်စာပေဝိုင်း၏ နာယကအဖွဲ့ဝင် စာရေးဆရာ ဦးကြည်သိန်း (ကဖိုးကျင်) ဦးဆောင်သည့် စာရေးဆရာ၊ ဆရာမကြီးများအား ယနေ့နံနက်ပိုင်းတွင် ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အစည်းအဝေးကျင်းပနေမှု၊ လွှတ်တော်ကိုယ်စားလှယ်များ၏ နေ့စဉ်လှုပ်ရှားမှုများကို ပြည်သူများ ပိုမိုသိရှိနိုင်စေရန် ဆောင်ရွက်နေမှု၊ ဥပဒေပြုလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး စာရေးဆရာ၊ ဆရာမကြီးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်
