Skip to main content

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများက မြန်အောင်မြို့ အဝင် သပြေလှ စုပေါင်းစစ်ဆေးရေးဂိတ်အား ကြည့်ရှုစစ်ဆေး၍ ထောက်ပံ့ငွေများပေးအပ်

မြန်အောင် နိုဝင်ဘာ  ၂၈

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်တာဝန်ရှိသူများက ယမန်နေ့ နေ့လယ် ၃ နာရီက မြန်အောင်မြို့ အဝင် သပြေလှ စုပေါင်းစစ်ဆေးရေးဂိတ်အား ကြည့်ရှုစစ်ဆေး၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က စုပေါင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ကျ ဌာနဆိုင်ရာဝန်ထမ်း များအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များ၊ စည်းကမ်းများ အတိုင်း လိုက်နာဆောင်ရွက်ရန်၊ ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုမရှိအောင် တာဝန်ထမ်းဆောင်ကြရန် လမ်းညွှန် မှာကြား၍ အားပေးစကား ပြောကြားပြီး ဝန်ကြီးချုပ်က မြန်အောင်မြို့အဝင် စစ်ဆေးရေးဂိတ်များတွင် လိုအပ်သည့်ကိစ္စရပ်များ အသုံးပြုရန်အတွက် ငွေကျပ် (၅၀၀၀၀၀) ကို ထောက်ပံ့ပေးအပ်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချိုချိုနှင့် တာဝန်ရှိ သူများက လက်ခံ ရယူခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)