Skip to main content

စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

ရန်ကုန် နိုဝင်ဘာ ၂၇

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန် စာမူဆု၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ဒုတိယဆုရရှိသည့် အိအိမော် (ယဉ်ကျေးမှု) ရေးသားသော ‘‘ပြတိုက်ကပြောသော တိုင်းရင်းသားယဉ်ကျေးမှု” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ယဉ်ကျေးမှုပြတိုက် အကြောင်းကို အခြေခံ၍ ရေးသားထား သည်။ ပြတိုက်သမိုင်းကြောင်းနှင့် ပြတိုက်ရှိ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုနှင့် လူမှုဘဝပုံစံများ၊ကချင် တိုင်းရင်းသားမျိုးနွယ်စုဝင်များနှင့် ကချင်ပြည်နယ်တွင် နေထိုင်ကြသော ရှမ်းတိုင်းရင်းသား မျိုးနွယ်စုဝင်များထဲမှ တိုင်းလိုင်၊ တိုင်းလေ၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းခမ်းတီး တိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ရိုးရာ စာပေ၊ ဓလေ့ထုံးစံ၊ ရိုးရာပွဲတော်များ အကြောင်း ကို ကျမ်းအကိုးအကား များဖြင့် ဗဟုသုတဖြစ်ဖွယ် ဖော်ညွှန်း ရေးဖွဲ့ထားပါသည်။ ကချင်တိုင်းရင်း သားတို့၏ ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းရေးအတွက် ထိရောက်စွာ အထောက် အကူပြုနိုင်မည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါ သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး ငွေကျပ် ၁၅၀၀ ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈)၊ အမှတ်(တ-၅၅)၊ သပြေ ကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး မြို့ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆)နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ် များထံတွင် ဆက်သွယ်ဝယ်ယူ နိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန(ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈) သို့ ဆက်သွယ် နိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်