နေပြည်တော် နိုဝင်ဘာ ၂၇
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားသည် Analogue စနစ်မှ Digital စနစ်သို့ အသွင် ကူးပြောင်းထုတ်လွှင့် နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် ဖားဆောင်း မြို့နယ် မော်ချီး ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ တွင် 100 W DVB-T2 လွှင့်စက်၊ 150 W MRTV FM လွှင့်စက်နှင့် ဆက်စပ် ပစ္စည်းများတပ်ဆင်ခြင်းကို နိုဝင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိ ဆောင်ရွက် ခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်မှစတင်၍ လှိုင်းနှုန်း Channel (E-22) ဖြင့် Digital ရုပ်သံလိုင်း ၁၈ လိုင်းနှင့် လှိုင်းနှုန်း(88.0 MHz) ဖြင့် MRTV FM ရေဒီယိုအစီအစဉ်များ စမ်းသပ် ထုတ်လွှင့်လျက်ရှိသည်။
ထိုသို့ စမ်းသပ်ထုတ်လွှင့်ရာတွင် မော်ချီးမြို့ အရှေ့ဘက်ရှိ တောင်အောက် ရေလမ်းရပ်ကွက်၊ မော်ချီးအောက်ရွာ သတ္တုတွင်းအလုပ်ရုံ၊ အောက်ကလပ်ရပ်ကွက်၊ ဈေးတန်း ရပ်ကွက်၊ ရေပူရွာ၊ ဒိုမူပယ်ရွာနှင့် လယ်ပွာခိုကျေးရွာများမှလည်းကောင်း၊ အနောက်ဘက်ရှိ လိုလော်ထီး ကျေးရွာ၊ အောင်ချမ်းသာဈေး ရပ်ကွက်၊ လိုခါးလို (၁၊ ၂၊ ၃၊ ၄၊ ၅) ရပ်ကွက်များမှ လည်းကောင်း၊ မြို့တောင်ဘက်ရှိ မိုဆာခီးကျေးရွာနှင့် မြောက်ဘက်ရှိ တောင်ပေါ်အမှတ် ၁၅ ရပ်ကွက်၊ ရတနာ အောင်မြေ၊ တောင်ပေါ် အမှတ် ၁၆ ရပ်ကွက်နှင့် ကျေးရွာများမှ လည်းကောင်း အရုပ်/အသံအား ကြည်လင်ပြတ်သားစွာဖြင့် ဖမ်းယူရရှိကာ ကြည့်ရှုနားဆင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်