နေပြည်တော် နိုဝင်ဘာ ၂၆
နိုင်ငံတကာခရီးသည်တင် လေယာဉ် များပျံသန်းမှု ယာယီရပ်ဆိုင်းထား ခြင်းကြောင့် ပြည်ပနိုင်ငံများတွင် စာချုပ်သက်တမ်းကုန်ဆုံး၍ အခက် အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘော သားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံး နှင့် မြန်မာသင်္ဘောသား အလှည့်ကျ ဝန်ထမ်းပြောင်းလဲခြင်း အကူအညီ ပေးရေးကော်မတီ(CCSC)တို့မှ ပူးပေါင်း စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း(MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ် မှတစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၉ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
အဆိုပါ ကယ်ဆယ်ရေးလေယာဉ် တွင် ကိုရီးယားသမ္မတနိုင်ငံမှ ၆၂ ဦး၊ ဂျပန်မှ ၂၅ ဦး၊ မလေးရှားမှ ၁၃ ဦး၊ အာရပ်စော်ဘွားများ ပြည်ထောင်စုမှ သုံးဦး၊ ဘင်္ဂလားဒေ့ရှ်မှ သုံးဦး၊ ကာတာ မှ တစ်ဦး၊ စင်ကာပူမှ ၁၂ ဦး၊ အမေရိကန် ပြည်ထောင်စုမှ တစ်ဦး၊ ပြင်သစ်မှ တစ်ဦး မြန်မာသင်္ဘောသား စုစုပေါင်း ၁၂၁ ဦး လိုက်ပါခဲ့ကြသည်။
ထို့ပြင် ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသားများအား ရီယာဒ်မြို့ရှိ မြန်မာ သံရုံးမှ စီစဉ်သည့် (၁၆) ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းမြို့မှတစ်ဆင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၁၀ နာရီ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
အဆိုပါ ကယ်ဆယ်ရေးလေယာဉ် တွင် ဘာရိန်းမှ သုံးဦး၊ အိုမန်မှ တစ်ဦး၊ ယူအေအီးမှ ၈၆ ဦး၊ ကူဝိတ်မှ နှစ်ဦး၊ ဂျပန်မှ တစ်ဦး၊ အီရန်မှ နှစ်ဦး၊ ဘင်္ဂလားဒေ့ရှ်မှ လေးဦး၊ အီဂျစ်မှ ၁၀ ဦး၊ ကွန်ဂိုမှ နှစ်ဦး၊ ဆူဒန်မှ ခြောက်ဦး၊ ပနားမားမှ ၁၈ ဦး၊ တောင်အာဖရိကမှ ခြောက်ဦး၊ အစ္စရေးမှ ၁၀ ဦး၊ ပါကစ္စတန် မှ နှစ်ဦး၊ အဇာဘိုင်ဂျန်မှ လေးဦး၊ နော်ဝေမှ လေးဦး၊ စင်ကာပူမှ ငါးဦး၊ တူရကီမှ တစ်ဦး၊ ဆိုမာလီယာမှ တစ်ဦး မြန်မာနိုင်ငံသား စုစုပေါင်း ၁၆၈ ဦး လိုက်ပါခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှု ကြီးကြပ်ရေး၊ ကျန်းမာရေးစစ်ဆေး ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ/ သတ်မှတ်ဟိုတယ်များ၌ အသွား အလာကန့်သတ်မှု ခုနစ်ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ က သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးကြသည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များနှင့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့် အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန များ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာ သံရုံးများ၊ သင်္ဘောကုမ္ပဏီများ/ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်