နေပြည်တော် နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ် နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း က ရန်ကုန်တိုင်းဒေသကြီးသို့ Medical Vehicle တစ်စီး နှင့် Ventilator တစ်လုံး ပေးအပ်လှူဒါန်းသည့် အခမ်းအနား ကို ကူမင်းမြို့ ကောင်စစ်ပရဝဏ်ရှိ ကောင်စစ်ဝန်ချုပ်ရုံး များ ဝန်ဆောင်မှုဌာန၌ ယနေ့ ကျင်းပရာ ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းကိုယ်စား ယူနန် ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး ညွှန်ကြားရေး မှူးချုပ်နှင့် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mme. Pu Hong က လွှဲပြောင်းပေးအပ်ပြီး ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်က လက်ခံရယူ သည်။
လွှဲပြောင်းလက်ခံမှု အခမ်းအနားတွင် ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mme. Pu Hong က လှူဒါန်းရခြင်းအကြောင်းရင်းကို ရှင်းလင်းပြောကြား ခဲ့ပြီး ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်က ကျေးဇူး တင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။
ယနေ့လှူဒါန်းသည့် Medical Vehicle မှာ ယွမ် ၃၆၅၀၀၀ တန်ဖိုးရှိပြီး Ventilator မှာ ယွမ် ၄၅၀၀၀ တန်ဖိုး ရှိကာ လှူဒါန်းမှုတန်ဖိုးမှာ စုစုပေါင်း ယွမ် ၄၁၀၀၀၀ ဖြစ်ကြောင်း သိရသည်။
အဆိုပါ Medical Vehicle နှင့် Ventilator တို့အား မူဆယ်မြို့ နယ်စပ်ဂိတ်မှတစ်ဆင့် ကုန်းလမ်းဖြင့် ရန်ကုန် တိုင်းဒေသကြီးသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်