Skip to main content

4th China – ASEAN Information Harbor Forum အခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၆

4th China–ASEAN Information Harbor Forum ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Cyberspace Administration ၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော် မရှင်၊ စက်မှုနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနနှင့် ကွမ်းရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအစိုးရတို့ ပူးပေါင်း၍ ယနေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပသည်။

အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဗီဒီယိုမိန့်ခွန်းပေးပို့ ပြောကြားရာတွင် China – ASEAN Information Harbor Forum သည် အာဆီယံဒေသတွင် ဒစ်ဂျစ်တယ် စီးပွားရေးနှင့် ဆက်စပ်သည့်အရေးကြီး အကြောင်းအရာများကို ဆွေးနွေးပြီး မိမိတို့အမြင်များကို မျှဝေရန် စင်္ကြံတစ်ခု ဖြစ်လာပါကြောင်း၊ အခမ်းအနားကို ယခင်နှစ်များကကျင်းပခဲ့သည့်အတိုင်း ယခုနှစ်တွင်လည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံတို့က နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ကောင်းမွန်သော ရလာဒ်များကို ရရှိမည်ဟု ယုံကြည်ကြပါကြောင်း၊ ဒေသတွင်းအဆင့်တွင် အာဆီယံသည် “ဒစ်ဂျစ်တယ်စီးပွား ရေးနှင့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်း”၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည် သာမက ဒေသတွင်းပေါင်းစည်းမှုနှင့် အဓိကအားဖြင့် အားလုံးပါဝင်ပြီး သာတူညီမျှတိုးတက် ရန် ပဓာနကျသည့် မှတ်တိုင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း နိုင်ငံအဆင့်၌ မိမိ နိုင်ငံတို့၏ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်း အားထုတ်မှုကို အရှိန်မြှင့် ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊  မိမိတို့အနေဖြင့် ကွန်ရက် အခြေခံအဆောက်အအုံတည်ဆောက် ခြင်းနှင့်ပတ်သက်၍ အောင်မြင်မှု အတော်အတန် မြင့်မားစွာရရှိခဲ့ပါကြောင်း၊ Cybe-Legal မူဘောင်ကို ရေးဆွဲလျက် ရှိပါကြောင်း။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မိတ်ဘက်ကောင်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အာဆီယံနှင့် မြန်မာနိုင်ငံတို့အား များစွာသော ကူညီမှုများကိုပေးပါကြောင်း၊ 4th China – ASEAN Information Harbor Forum သည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရေး အတွက် ကြီးမားသောအောင်မြင်မှုတစ်ခုဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသတွင် ချိတ်ဆက်ထား သော ဒစ်ဂျစ်တယ်အနာဂတ်ကို ပူးတွဲဖန်တီးရေးအတွက် ပူးပေါင်းဆောင်ရွက်မှု ဖြစ်လာစေ ရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။

တရုတ်နိုင်ငံသည် ဒစ်ဂျစ်တယ်စီးပွားရေးတွင် အာဆီယံနိုင်ငံများနှင့်အတူ ပူးပေါင်း ဆောင်ရွက်မှုနှင့် အတွေးအမြင်များ ပိုမိုဖလှယ်နိုင်ရေး နှစ်ဦးနှစ်ဖက် မိတ်ဖက်ဆက်ဆံရေးကို ချဲ့ထွင်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ်တွင် 1st China – ASEAN Information Harbor Forum ကို လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် 2nd China – ASEAN Information Harbor Forum ကို လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် 3rd China – ASEAN Information Harbor Forum ကို လည်းကောင်း ကျင်းပခဲ့သည်။

အဆိုပါ ဖိုရမ်၏ Theme မှာ “Digital Technology Connects ASEAN, Intelligence Creates the Furure” ဖြစ်ပြီး ဖိုရမ်သို့ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ ဖိတ်ကြားထား သော ဝန်ကြီးအဆင့် ဧည့်သည်တော်များ၊ ဒစ်ဂျစ်တယ် စီးပွားရေးကဏ္ဍတွင် ထင်ရှားကျော် ကြားသည့် ပညာရှင်များနှင့် ကျွမ်းကျင်သူများ တက်ရောက်ကြသည်။

(သတင်းစဉ်)