Skip to main content

ဒုတိယဝန်ကြီး ဦးသိုက်စိုး ကျိုင်းတုံမြို့နယ် ဒေသထွက် အုတ်ကြွပ်အမိုးပြားစက် စတင်လည်ပတ်မှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယမန်နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ် ဝမ်ဟကျေးရွာ၌ ဒေသထွက်အုတ်ကြွပ်အမိုးပြား ထုတ်လုပ်မှုဆိုင်ရာ သမဝါယမအသင်းသား အုတ်ကြွပ်ထုတ်လုပ်သူများ၊ ကျေးရွာသူ ကျေးရွာသားများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေတိုးပွားရေး တည်ဆောက်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး အုတ်ကြွပ်စက်စတင်လည်ပတ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကပြည်ထောင်စုရန်ပုံငွေမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)ဖြင့် ငွေကျပ်သိန်း ၁၅၀ ကို ကျေးရွာကော်မတီထံ လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်