Skip to main content

မြန်မာနိုင်ငံ စာရင်းကောင်စီ (၁/၂၀၂၀) အစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၅

မြန်မာနိုင်ငံစာရင်းကောင်စီ (၁/၂၀၂၀) အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ 

အစည်းအဝေးသို့ မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ကောင်စီဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း က အဖွင့်အမှာစကား ပြောကြားပြီး အစည်းအဝေးကို တက်ရောက်လာ ကြသည့် မြန်မာနိုင်ငံ စာရင်းကောင်စီ ဝင်များက ကောင်စီ၏ ၁/၂၀၁၉ အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှု၊ ပြင်ဆင် သည့် ကောင်စီဥပဒေအား အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုမှု၊ နည်းဥပဒေ မူကြမ်း ရေးဆွဲမှု၊ အလုပ်အမှုဆောင် အဖွဲ့နှင့် ကော်မတီများ ပြန်လည် ဖွဲ့စည်းမှု၊ ထုတ်ပြန်ခဲ့သည့် အမိန့် ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ ရုံးအမိန့်များ၊ အစည်းအဝေး/ Semi-nar/ Workshop ကျင်းပမှု၊ အပြည် ပြည်ဆိုင်ရာ စာရင်းပညာ အဖွဲ့အစည်း များနှင့် ဆက်သွယ်ဆောင်ရွက်မှု၊ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့ စာရင်းကိုင်အသင်း၏ လုပ်ငန်းဆောင် ရွက်မှု၊ အစိုးရကဏ္ဍ စာရင်းလုပ်ငန်း နယ်ပယ်တွင် လုပ်ကိုင်ဆောင်ရွက် နေသည့် စာရင်းပညာရှင်၊ စာရင်း ကျွမ်းကျင်သူအင်အားနှင့် ကောင်စီရုံး မှတ်တမ်းများအရ ပုဂ္ဂလိကကဏ္ဍ စာရင်းနယ်ပယ်တွင် လုပ်ကိုင်ဆောင် ရွက်နေသည့် စာရင်းပညာရှင်များ၏ အင်အားအခြေအနေနှင့် စာရင်း ကောက်ယူမည့် အခြေအနေတို့ကို တင်ပြဆွေးနွေးကြသည်။

ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်း စစ်ချုပ်က လုပ်ငန်းတာဝန်များ ပြည့်မြောက်အောင်မြင်စေရေး၊ နိုင်ငံပိုင် ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍတို့တွင် စာရင်းပညာ ဖွံ့ဖြိုးရေးတို့အတွက် ကောင်စီဝင်များအနေဖြင့် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ဝိုင်းဝန်းကြိုးပမ်း ကြရန် မှာကြားသည်။

သတင်းစဉ်