Skip to main content

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ထိုင်းနိုင်ငံသံရုံးနှင့် Thailand International Cooperation Agency တို့က PPE ဝတ်စုံများ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် FAVIPIRAVIR ဆေးများ ပေးအပ်လှူဒါန်း

ရန်ကုန် နိုဝင်ဘာ ၂၅

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံရုံးနှင့် Thailand International Cooperation Agency တို့က PPE ဝတ်စုံများ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်း များနှင့် FAVIPIRAVIR ဆေးများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ် (၅)ရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ပေးအပ်လှူဒါန်းပွဲ အခမ်းအနား တွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး Mrs . Suphatra Srimaitreephithak က လှူဒါန်းရခြင်း နှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း က ကျေးဇူး တင် စကားပြောကြားသည်။

ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

ထို့နောက် ဆေးသုတေသနဦးစီး ဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းထံ မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး က PPE ဝတ်စုံများ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများနှင့် FAVIPIRAVIR ဆေး များ ပေးအပ်လှူဒါန်းပြီး ညွှန်ကြား ရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် သည်။

လှူဒါန်းခဲ့

လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်း နိုင်ငံသံရုံးနှင့် Thailand Inernational Cooperation Agency တို့က ထိုင်း ဘတ်ငွေ ၇၈၈၀၀၀ နှင့် ညီမျှသော PPE ဝတ်စုံများ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများနှင့် FAVIPIRAVIR ဆေး များကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇော်မင်းလတ်(MNA)