Skip to main content

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ  လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၅

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်း အမှတ်အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး၀န်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော်တို့မှ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဌများနှင့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင်များ၊ United Nations Resident Coordinator and Humanitarian Coordinator, Mr. Ola Almgren မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဝင်များ၊ နေပြည်တော် အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီး ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေး မှူးချုပ်များနှင့် အစိုးရဌာနအဖွဲ့ အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှဌာနေ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့ အစည်းများ၊ ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အ စည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စု၀န်ကြီး ဒေါက်တာဝင်းမြတ်အေး က မြန်မာနိုင်ငံအနေ ဖြင့် ၂၀၁၈ ခုနှစ်ကစ၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆) ရက်တာ လှုပ်ရှားမှု အခမ်းအနားများကို ကျင်းပခဲ့ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ၏ ၅၁ ဒသမ ၈၁ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ပါကြောင်း၊ ထက်ဝက်ကျော် မကသော အမျိုး သမီးထုကြီး၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း၊ အမျိုးသမီး များအပေါ် အကြမ်းဖက်ခြင်းမှ ကာကွယ်ပေးခြင်းများသည် နိုင်ငံသားများအားလုံး၏ ဖွံ့ဖြိုးတိုးတက်ခြင်း၊ နိုင်ငံသားများအားလုံးကို အကာအကွယ်ပေးခြင်း ဆောင်ရွက်ရာတွင် သက်ရောက်မှုရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အာဆီယံ အမျိုးသမီးကော်မတီ၊ ကလေး သူငယ်အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်စောင့် ရှောက်ရေး ကော်မရှင်အဖွဲ့ဝင်နိုင်ငံ လည်းဖြစ်ပါကြောင်း၊ အာဆီယံဒေသတွင်း အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး လုပ်ငန်းအစီအစဉ်တွင်လည်း ကျန်အာဆီယံနိုင်ငံများနည်းတူ ပါ၀င်၍ အကောင်အထည်ဖော်လျက်ရှိရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ကာလလတ် ပြန်လည်သုံးသပ်မှုများ ဆောင်ရွက်ပြီးဖြစ်ကြောင်း။

 မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီအနေဖြင့် အမျိုးသမီးအခွင့်အရေး မြှင့်တင်ဖော်ဆောင်သည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် မူဝါဒ ()ရပ်၊ လုပ်ငန်းတာဝန် (၁၂)ရပ် ချမှတ်ပြီး ဆောင်ရွက်လျက်ရှိရာ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ကို ကျား/မ ရေးရာဆိုင်ရာ လုပ်ငန်းဆောင် ရွက်ချက်များအဖြစ် အကောင်အထည်ဖော် လျက်ရှိကြောင်း၊ ထိုမဟာဗျူဟာ စီမံကိန်းသည်  ၂၀၂၂ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမည်ဖြစ်၍ ပြောင်းလဲတိုးတက် ဖြစ်ပေါ်မှုအဆင့်()ကို ကြိုတင်ရေးဆွဲပြီး ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွား ကြရမည်ဖြစ်ရာ အားလုံးပူးပေါင်း ပါ၀င်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း။

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကိုလည်း ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းစီမံချက်ကိုလည်း ရေးဆွဲပြီးဖြစ်ရာ အကောင် အထည် ဖော်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု များကို သတင်းပို့တိုင်ကြားနိုင်ရေး အတွက် (၂၄) နာရီ Help Line ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်က စတင်ထူထောင်ထားရှိခြင်း၊  အကြမ်းဖက်ခံရသူ များကို တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်းကြောင်းစရိတ် ထောက်ပံ့ ပေးခြင်း၊ လုံခြုံ ရေးအတွက် နားခိုရာနေရာများ စီစဉ်ပေးခြင်း၊  အခြားသော ဝန်ဆောင်မှုများရရှိနိုင်ရေး ညွှန်းပို့ ချိတ်ဆက်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို ယာယီလက်ခံစောင့်ရှောက် ပေးနိုင်ရေး အတွက် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ ကယားနှင့် မုံရွာမြို့တို့တွင် One Stop Women Support Ceter များ ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုများ ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူမှုရေး ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ကို အသုံးပြုပြီး လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲသူ (Case Manager) (၂၅၀) ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

လက်ရှိကာလတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူများအနေဖြင့် အိမ်တွင်း နေထိုင်ရ သောအချိန် ပိုမိုများပြားလာသည့်အတွက် မိသားစုနွေးထွေးမှုကို ပိုမိုဖန်တီးနိုင်ကြ သလို တစ်ဖက်တွင်လည်း စားဝတ်နေရေးအပါအ၀င် အခြားသောအခက်အခဲများကြောင့် စိတ်ဖိစီးမှုများ ခံစားနေကြရပြီဖြစ်ကြောင်း၊ ယခုနှစ်အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုဆောင်ပုဒ်မှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တုံ့ပြန်ဖို့၊ သီးသန့်ရန်ပုံငွေ ထားရှိလို့ အချက်အလက်ကောက်ယူစို့ ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေများတွင် အိမ်တွင်း အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာနိုင်သည်ဟု မှန်းဆရ ပါကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများက အထောက်အထားအချက်အလက်များ ရှာဖွေစု ဆောင်းကြရန်နှင့် သုတေသနရလဒ်များ ထွက်ပေါ်လာပါက ပိုမိုတိကျစွာ သိရှိနိုင်ပြီး တားဆီး ကာကွယ်ရေး လုပ်ငန်းများတွင် အထောက်အကူပြုမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာလ အတွင်း ပြည်သူများ ခံစားနေရသည့် စိတ်ဖိစီးမှုများ လျော့ကျ စေရန်နှင့် စိတ်ပိုင်းဆိုင်ရာမြှင့် တင်စေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် Hot Line များ ထားရှိပြီး ဝန်ဆောင်မှု ပေးခြင်းများဖြင့် အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိဖြစ်ပွား လျက်ရှိသည့် အခြေအနေ များကိုသုံးသပ်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို လက်တွေ့အထောက်အကူပြုလျက်ရှိကြောင်း၊ သက်ဆိုင်ရာကဏ္ဍ အသီးသီးတွင် အမျိုးသမီး များအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေများ ပိုမိုထောက်ပံ့ပေးရန်၊ ကျား/မ အခြေပြုအကြမ်းဖက်ခံရသူများအတွက် မရှိမဖြစ်လိုအပ်သော ၀န်ဆောင်မှုများ ရရှိနိုင်ရန်၊ တားဆီးကာကွယ်ရန်နှင့် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရန် အထောက်အထားများအဖြစ် အသုံးပြုနိုင်ရန်အတွက် လိုအပ်သည့် အချက်အလက်များ ကောက်ယူရန် ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင် အချက်အလက် အမှန်များ ရရှိရန်နှင့် လိုအပ်ချက်များ ဖော်ထုတ်နိုင်ရန် ပူးပေါင်း အကောင်အထည်ဖော်ကြရ မည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင် အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုမရှိစေရေး၊ ကျား/မ တန်းတူ ညီမျှမှုကို အထောက်အကူပြုစေရန် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရေး၊ ဒိမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ကျား/မ ရေးရာအခြေပြု အကြမ်းဖက်မှုများ အား ကာကွယ်နိုင်သည့် မူဝါဒများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ကိုယ်၀န် ဆောင်များအပါအ၀င် အမျိုးသမီးများဆိုင်ရာ အခွင့်အရေးများအတွက် ဥပဒေများ ပြဋ္ဌာန်း ပေးရေးတို့ကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ အစည်းအဝေးများက ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများအဖြစ် အတည်ပြုချမှတ်ထားပြီးဖြစ် ကြောင်း။

ထိုအချက်များနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး၀န်ကြီးဌာနအနေဖြင့် မူဝါဒများ၊ လုပ်ငန်းစီမံကိန်းများ ချမှတ်ဖော်ဆောင်လျက် ရှိပြီး ဥပဒေရေးရာကဏ္ဍအနေနှင့်လည်း ရှိရင်းစွဲဥပဒေများ၌ ပြန်လည် ပြင်ဆင်ရန်လို အပ်ပါ က ပြန်လည်ပြင်ဆင်ခြင်း၊ အသစ်ပြဋ္ဌာန်းရန် လိုအပ်ပါက အသစ်ပြဋ္ဌာန်းခြင်းများ ဆောင်ရွက် ရန် အလွန်အရေးကြီးကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ဥပဒေကြောင်း အရ ပိုမိုကာကွယ်ပေးနိုင်ရန် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ ကို ရေးဆွဲထားရှိပြီး လွှတ်တော်အတွင်း ဆွေးနွေးမှုများ ဆောင်ရွက် ပြီးပါက ဥပဒေ အမြန်ဆုံး ပြဋ္ဌာန်းနိုင်ရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှ တားဆီးကာကွယ်ရန် ပြည်သူလူထုကို ဗဟိုပြုပြီး အမှန်တကယ်အကျိုးဖြစ်ထွန်းစေမည့်လုပ်ငန်းများကို ဖော်ဆောင်လျက်ရှိ ကြောင်း၊ ကျား/မဆိုင်ရာ တန်းတူညီမျှမှုအတွက် ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး (၃၀) ရာခိုင်နှုန်းပါ၀င်ရေးကို အားပေးရန်လည်း ပြည်ထောင်စုသဘောတူစာချုပ် နိုင်ငံရေး ကဏ္ဍ အခြေခံမူသဘောတူညီချက်တွင် ထည့်သွင်းထားရာ အမျိုးသမီးများ၏ စွမ်းဆောင် ရည် မြှင့်တင်ရေးလုပ်ငန်းစဉ်များသည် အရေးကြီးလာပါကြောင်း၊  နယ်စပ်ဒေသ တိုင်းရင်းသား အမျိုးသမီးများပါမကျန် အမျိုးသမီးများအားလုံး သာတူညီမျှ ဖွံ့ဖြိုးတိုးတက်မှု ခံစားရရှိစေရေး မိမိတို့နှင့်အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိကြသော အဖွဲ့အစည်းများ အနေဖြင့် ယခုထက် ပိုမိုပြီး တိုးမြှင့်ဖော်ဆောင်သွားကြရန် ပြောကြားသည်။

ထို့နောက် UN Resident Coodinator, Mr. Ola Almgren က နှုတ်ခွန်းဆက် စကား ပြောကြားပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အသိပညာပေး ဗီဒီယိုများကို ပြသခဲ့သည်။

(သတင်းစဉ်)