Skip to main content

ဟားခါးမြို့တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း တင်းနစ်ကစားသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ တင်းနစ်ကစားကြရန် ပြည်နယ်လူမှုရေး ဝန်ကြီး ဦးပေါင်လွန်းမင့်ထန် မှာကြား

ဟားခါး   နိုဝင်ဘာ 

ဟားခါးမြို့တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း တင်းနစ်ကစားသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ တင်းနစ်ကစားကြရန် နိုဝင်ဘာ ၂၁ ရက်နေ့က ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် တာဝန်ရှိသူများက  တင်းနစ်ကစားကွင်းသို့ သွားရောက်၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ တင်းနစ်ကစားရာတွင် တင်းနစ်ကွင်းသို့ လူဦးရေ()ဦးထက်မပိုဘဲ ဝင်ရောက်ကစားရန်၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အချိန်ခွဲ၍ ကစားရန် အပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကစားရန်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာခြင်း မရှိသူများအား မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။

အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)