Skip to main content

မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခဲ့

နေပြည်တော် နိုဝင်ဘာ ၂၃

နိုင်ငံတကာခရီးသည်တင်  လေယာဉ်များ ပျံသန်းမှု    ယာယီရပ်ဆိုင်းထားခြင်းကြောင့်      မလေးရှားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့်  မြန်မာနိုင်ငံသား ၁၇၀ ကို ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ    စီစဉ်သည့်    မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင်   ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့        အဆင်ပြေချောမွေ့စွာ      ပြန်လည်ရောက်ရှိကြသည်။

၎င်းတို့    ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊     ကျန်းမာရေး စိစစ်ရေး၊    သီးသန့်စီစဉ်ပေးသည့် နေရာ/       သတ်မှတ်ဟိုတယ်များ၌ အသွားအလာ   ကန့်သတ်မှုခုနစ်ရက်နှင့်  နေအိမ်တွင်      အသွားအလာ ကန့်သတ်မှုခုနစ်ရက် နေထိုင်စေရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်    အားကစားဝန်ကြီးဌာနနှင့်      ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ   သက်ဆိုင်ရာ  အခန်း ကဏ္ဍအလိုက်   တာဝန်ယူဆောင်ရွက် ပေးခဲ့ကြသည်။

၃၃ ကြိမ်တိုင် ပျံသန်းပြေးဆွဲ    

မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့     မြန်မာနိုင်ငံသားများနှင့် အကြောင်းအမျိုးမျိုးကြောင့် မလေး ရှားနိုင်ငံရှိ    ထိန်းသိမ်းရေးစခန်းများတွင်   ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့်  မြန်မာနိုင်ငံသားများကို     နိုင်ငံသားဖြစ်တည်မှု မှန်ကန်ကြောင်း အထောက်အထားများစိစစ်လျက် မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ဆောလျင်စွာ    ပြန်လည်ခေါ်ဆောင် နိုင်ရေးအတွက်    နိုင်ငံခြားရေးဝန်ကြီးဌာန၏    လမ်းညွှန်မှုများနှင့်အညီ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး အနေဖြင့်  မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်   နီးကပ်စွာ ပူးပေါင်း    ညှိနှိုင်းဆောင်ရွက်လျက် ရှိသည်။ ယနေ့အထိ မလေးရှားနိုင်ငံမှ ကယ်ဆယ်ရေးလေယာဉ် ၃၃ ကြိမ် တိုင်    ပျံသန်းပြေးဆွဲ     ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်