မုံရွာ နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက် (၁၀) နာရီက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ မြန်မာ ဝမ်ပေါင်မိုင်းနင်းကော့ပါး လီမိတက်မှ လှူဒါန်းမည့် အမေရိကန် ဒေါ်လာ(၁.၀၇၅)သန်းဖြင့် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးခန်း တည်ဆောက်ရန် အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ယခုလို မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ အတွက် ကျန်းမာရေးအထောက်အကူပြုရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ လှူဒါန်းပေးသည့်အတွက် ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ဂုဏ်ပြု အမှာစကား ပြောကြားပြီး မြန်မာဝမ်ပေါင်မိုင်းနင်းကော့ပါး လီမိတက်မှ တာဝန်ရှိသူက လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသည့် တာဝန်ရှိသူများမှ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ စစ်ဆေးခန်း တည်ဆောက်ရန်အတွက် မြေနေရာ စီစဉ်ဆောင်ရွက်ထားရှိမည့် အစီအစဉ်တို့အား အားလုံးဝိုင်းဝန်း ဆွေးနွေးအကြံပြုချက်များအား ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ထွန်းကိုကို (တိုင်းဒေသကြီး-ပြန်/ဆက်)