Skip to main content

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ မအူပင်မြို့အဝင် ခတ္တိယစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ဆောင်ရွက်နေမှုများစစ်ဆေး

မအူပင် နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အစပ်နှင့် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် အဝင်ဂိတ်ဖြစ်သည့် လင်္ကျားကြီး ကျေးရွာ ခတ္တိယစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ကာလအတွင်း ခရီးသွားပြည်သူများ သွားလာဖြတ်သန်းခြင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နေမှုကို ယမန်နေ့ မွန်းလွဲ ၂နာရီက သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့် တာဝန်ရှိသူများအား မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်း၊ ခရိုင်ကျန်းမာရေး ဦးစီးဌာန တာဝန်ခံဒေါက်တာ ခင်မာစိုးနှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက မအူပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြသည်။

၄င်းနောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် ငွေကျပ် သိန်းအား ထောက်ပံ့လှူဒါန်းရာ မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းနှင့် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တာဝန်ခံ ဒေါက်တာခင်မာစိုးတို့က လက်ခံခဲ့ကြောင်း သိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)