Skip to main content

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့်အထိမ်းအမှတ်ကဗျာ ပြိုင်ပွဲ ဆုရွေးချယ်ပွဲကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၂

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်ကဗျာ ပြိုင်ပွဲအား ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။

အဆိုပါကဗျာပြိုင်ပွဲကို ရန်ကုန် တက္ကသိုလ်ကြီး၏ သမိုင်းအစဉ်အလာ ကြီးမားခဲ့မှုများ၊ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ်ကြီးအဖြစ် တည်ရှိခဲ့မှုများ နှင့် နိုင်ငံတော်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များနှင့်အညီ ပညာ သင်ကြားနိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနေမှုများ၊ နိုင်ငံတကာ နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော တက္ကသိုလ် ကြီးတစ်ခု ပေါ်ပေါက်လာစေရန်နှင့် လူအဖွဲ့အစည်းနှင့် ကမ္ဘာကြီးကိုအကျိုး ပြုနိုင်သော စွမ်းဆောင်ရည်ပြည့်ဝ သည့်နိုင်ငံတကာအဆင့်မီ တက္ကသိုလ် ကြီးတစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာရန် ကြိုးပမ်းဆောင်ရွက်နေမှုများ စသည် တို့ကို ဖော်ညွှန်းရေးသား ပါဝင်ယှဉ်ပြိုင် ကြရန် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၉ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ ဖိတ်ခေါ်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သူဦးရေ ၁၁၈ ဦးကပြိုင်ပွဲဝင်ကဗျာ အပုဒ်ပေါင်း ၁၂၈ ပုဒ်ကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲဝင်ကဗျာများကို စိစစ် အကဲဖြတ်ရွေးချယ်ခြင်းအား နိုဝင်ဘာ ၂ဝ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပြီး ကဗျာပညာရှင်များက ပြိုင်ပွဲဝင် စည်းကမ်း သတ်မှတ်ချက်များနှင့် အညီ အကဲဖြတ်စိစစ်ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု ငါးဆုတို့ကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)