Skip to main content

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ကိုဗစ်-၁၉ ချေးငွေအစီအစဉ်ဖြင့် ဒုတိယအကြိမ် ချေးငွေရရှိရေးဆိုင်ရာ အစည်းအဝေးတက်ရောက်

နေပြည်တော် နိုဝင်ဘာ ၁၉

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ ကိုဗစ်-၁၉ ချေးငွေအစီအစဉ်ဖြင့် ဒုတိယအကြိမ် ချေးငွေရရှိရေးဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်၊ မြန်မာနိုင်ငံဆိုင်ရာ IMF မစ်ရှင်အဖွဲ့ခေါင်းဆောင် Mr. Shanaka Jayanath Peiris ၊ IMF အရှေ့တောင်အာရှ မဲပေးအုပ်စုအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Ms. Alisara Mahasandana ၊   မြန်မာနိုင်ငံဆိုင်ရာ IMF ဌာနေကိုယ်စားလှယ် Mr. Neil Saker နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ အဆင့်မြင့်အရာထမ်းများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ကမ္ဘာ့စီးပွားရေးအပေါ် ကိုဗစ်-၁၉ ၏ သက်ရောက်မှုအခြေအနေများ၊ COVID-19 (Rapid Credit Facility & Rapid Financing Instrument) ချေးငွေအစီအစဉ်ဖြင့် ဒုတိယအကြိမ်ချေးငွေ ဆက်လက်ရရှိရေးဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် သက်ရောက်နိုင်မှု၊ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍ တိုးတက်ပြောင်းလဲမှု၊ ကိုဗစ်-၁၉ ကာလနောက်ပိုင်းဖြစ် ပေါ်လာနိုင်သည့် မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်၊ ငွေကြေးဖောင်းပွမှု၊ နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် စီးပွားရေးစနစ်အတွင်း ငွေဖြစ်လွယ်မှု၊ ကုန်သွယ်မှုလိုငွေအခြေအနေ၊ သာမန်စာရင်းလိုငွေပြမှု၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားသုံးသီးသန့်ငွေ သိသာစွာမြင့်တက်လာမှု၊ မြန်မာနိုင်ငံ၏ဘဏ် လုပ်ငန်းကဏ္ဍအခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ Financial Sector တွင် လတ်တလော ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ IMF မှ ဆက်လက်ကူညီ ပံ့ပိုးပေးနိုင်မည့် အခြေအနေများ၊ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်အတွင်း အသုံးစရိတ်တိုးမြှင့်ခြင်း အပေါ် အကျိုးသက်ရောက်မှုများ၊ ဘဏ္ဍာရေး ဖြည့်စွက်ရန်ပုံငွေလိုအပ်မှု၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု၊ ဘတ်ဂျက်လိုငွေအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဖြည့်ဆည်းပေးနိုင်မှုအခြေအနေတို့ကို ဆွေးနွေး တင်ပြကြခဲ့ကြောင်း သိရသည်။

သတင်းစဉ်