နေပြည်တော် နိုဝင်ဘာ ၁၉
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် UNODC မှ Country Manager, Mr. Benedikt Hofmann နှင့်အဖွဲ့ကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဆောင်ရွက်လျက်ရှိသည့် တရား ဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ၊ ဥပဒေအကြံဉာဏ်ပေးခြင်းနှင့် တရားစွဲ အမှု လိုက်ဆိုင်ရာလုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ၂၀၁၄ ခုနှစ်မှစတင်၍ ပြည်ထောင်စု ရှေ့နေချုပ် ရုံးနှင့် UNODC တို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအလွန်တွင် UNODC နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း “တရားမျှတရေးအတွက် ဥပဒေဝန် ဆောင်မှု” (၂၀၂၀-၂၀၂၄) လုပ်ငန်း ဆောင်ရွက်မှုများတွင် UNODC မှ ထောက်ပံ့ ပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)