နေပြည်တော် နိုဝင်ဘာ ၁၉
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပသည်။
အစည်းအဝေးသို့ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေ ရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးက ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှုကိစ္စနှင့်ပတ်သက်၍ ကချင်ဒေသတိုက်ပွဲရှောင် ပြည်သူများ အားကူညီ စောင့်ရှောက်ရေး ကော်မတီ (KHCC)အဖွဲ့နှင့် စတုတ္ထအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပရန်ရှိကြောင်း၊ တတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက် များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြရန်လိုအပ်ကြောင်း၊ ထို့အပြင် လုပ်ငန်းဆောင်ရွက်နေမှုများ ၏ တိုးတက်မှုများ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များအပေါ် ဆွေးနွေးပေးကြရန် ပြောကြား သည်။
ယင်းနောက် လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က တတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် နေမှုများနှင့် နေရပ်ပြန်ရေးကိစ္စရပ်များအား ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများက KHCC နှင့် စတုတ္ထအကြိမ် အစည်းအဝေးတွင် ဆွေးနွေးရမည့်အချက်များအား အကြံပြု ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှု အကောင် အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ကို နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၉ ခုနှစ် မေလ ၈ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးက အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်၍ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)