Skip to main content

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် အင်ဒိုနီးရှားသတင်းမီဒီယာကောင်စီတို့ အွန်လိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၈

ယူနက်စကိုက ပံ့ပိုးစီစဉ်သည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် အင်ဒိုနီးရှားသတင်းမီဒီယာကောင်စီတို့ အွန်လိုင်းဆွေးနွေးပွဲ (Virtual Dialogue) ကို ယနေ့ ညနေပိုင်းက ကျင်းပသည်။

ဆွေးနွေးပွဲတွင် အင်ဒိုနီးရှားသတင်းမီဒီယာကောင်စီဘက်မှ ဆွေးနွေးရာ၌ အင်ဒိုနီးရှားသတင်း မီဒီယာကောင်စီ၏ မီဒီယာများအပေါ်  ထိန်းကျောင်းမှုအတွေ့အကြုံများ၊ အင်ဒိုနီးရှားသတင်း မီဒီယာကောင်စီ၏ ညှိနှိုင်းဖြေရှင်းရေးယန္တရား၊ လုပ်ငန်းဆောင်ရွက်ပုံ၊  တိုင်တန်းမှု/ အငြင်းပွားမှုများတွင် မီဒီယာဥပဒေကိုအသုံးပြုပြီး ဆုံးဖြတ်ခြင်း၊ ၂၀၁၂ ခုနှစ်ကတည်းက အင်ဒိုနီးရှားသတင်းမီဒီယာ ကောင်စီနှင့် အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့တို့အကြား နားလည်မှု စာချွန်လွှာရေးထိုးပြီး သတင်းသမားများနှင့်သက်ဆိုင်သည့်    တိုင်တန်းမှု၊    အငြင်းပွားမှုများကို  ကိုင်တွယ် ဖြေရှင်းမှုများ၊ အမျိုးသမီး ဂျာနယ်လစ်များအရေး၊ ရွေးကောက်ပွဲဆိုင်ရာများကိစ္စများကို  ဆွေးနွေးသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဘက်မှ  ဆွေးနွေးရာတွင်  မီဒီယာများအပေါ် ထိန်းကျောင်းမှုအခြေအနေ၊ သတင်းမီဒီယာဥပဒေ   ပြင်ဆင်ရေး ဆွဲမှုအခြေအနေ၊      သတင်းမီဒီယာသမားများ ရွေးကောက်ပွဲကာလ သတင်းရယူမှုအခြေအနေနှင့် အခက်အခဲများ၊ တိုင်တန်းမှု၊ အငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းပေးနေမှုအခြေအနေများ၊ အမျိုးသမီးဂျာနယ်လစ်များ၏ အခက်အခဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သတင်းမီဒီယာများ  တွေ့ဆုံ ဆွေးနွေးနိုင်ရေးစီစဉ်နေမှုများကို ဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်း၊ တွဲဖက်အတွင်းရေးမှူး(၁) ဦးမြင့်ကျော်၊ ကောင်စီဝင် များဖြစ်ကြသည့်     ဒေါ်သင်းသင်းသာ၊    ဦးကျော်မင်း ဆွေနှင့် ဦးချစ်ဝင်းမောင်၊ အင်ဒိုနီးရှားသတင်းမီဒီယာကောင်စီမှ ဥက္ကဋ္ဌ Mr. Mohammad Nuh နှင့်‌ ကောင်စီဝင်များ၊ ယူနက်စကိုမြန်မာရုံးမှ Mr.Ramonနှင့် ဒေါ်နိုင်နိုင်အေးတို့ တက်ရောက်ဆွေးနွေးကြ သည်။                                                                                                                  

ဒီမင်း