နေပြည်တော် ဇန်နဝါရီ ၂၇
ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက်အီရှပ်ဒါး၏ ဖိတ်ကြားချက်အရ ပါကစ္စတန်နိုင်ငံ၌ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီတွင် ဝန်ကြီးချုပ်ရုံး၌ ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် မစ္စတာမိုဟာမက်ရှီဘက်ရှာရစ်ဖ်အား ဂါရဝပြုတွေ့ဆုံနှုတ်ဆက်သည်။
ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်
ယင်းသို့တွေ့ဆုံစဉ် မြန်မာ - ပါကစ္စတန် နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုကဏ္ဍတို့အပါအဝင် နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာစာမျက်နှာများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးစသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်
