ရန်ကုန် နိုဝင်ဘာ ၁၇
ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်၊ ကုသ ရေးကာလအတွင်း အများပြည်သူများ Stay at home ဖြင့် မိမိတို့ နေအိမ် များတွင်နေထိုင်စဉ် ပြည်သူများ စိတ်အပန်းပြေစေရန်အတွက် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ရုပ်ရှင် နှစ် (၁၀၀) ပြည့် Live Show အစီ အစဉ်များနှင့် ရန်ကုန်တက္ကသိုလ်နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ဂုဏ်ပြု ဖျော်ဖြေပွဲ Live Show အစီအစဉ်များ ထုတ်လွှင့်ပြသပေးလျက်ရှိသည်။
နိုဝင်ဘာ ၇ ရက် ည ၉ နာရီမှစ၍ အပတ်စဉ်စနေနေ့တိုင်း ရန်ကုန် တက္ကသိုလ် နှစ် (၁၀၀) ပြည့် သဘင် အထိမ်းအမှတ်အဖြစ် တက္ကသိုလ် အငြိမ့်အဖွဲ့များမှ ဂုဏ်ပြုဖျော်ဖြေ ပွဲများကို ထုတ်လွှင့်ပြသမည်ဖြစ်ပြီး အငြိမ့်ဖျော်ဖြေပွဲများကို ရန်ကုန်မြို့ MRTV စတူဒီယိုတွင် ရိုက်ကူးလျက် ရှိသည်။
နိုဝင်ဘာ ၁၇ ရက်တွင် မန္တလေး တက္ကသိုလ် မြကွန်းသာအငြိမ့်အဖွဲ့ စတင် ရိုက်ကူးလျက်ရှိရာ မင်းသမီး အိမ့်သူမင်း (ဒုတိယနှစ် မြန်မာစာ) နှင့် လူရွှင်တော်များအဖြစ် စည်သူငြိမ်း (ပထမနှစ်မဟာဝိဇ္ဇာ၊ မြန်မာစာ)၊ မင်းမင်းစိုး (ဒုတိယနှစ် မဟာဝိဇ္ဇာ၊ မြန်မာစာ)၊ အောင်ကျော်ဖြိုး (စတုတ္ထနှစ် မြန်မာမှုပညာ)၊ ကျော်သီဟစိုး (ပထမနှစ် မြန်မာမှုပညာ) တို့က ဟာသ ပြက်လုံးများဖြင့် ပြည်သူများ စိတ်အပန်းပြေစေရန် ဖျော်ဖြေ တင်ဆက်ပေးသွားမည်ဖြစ်သည်။
နောက်ခံ မြန်မာဆိုင်းဝိုင်းအနေ ဖြင့် စတားဗိုလ်လှိုင်းနှင့်အဖွဲ့ (မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား) မှဦးဆောင် ၍ ရွာစားအောင်ဝမ်းတူးနှင့် ရွှေပန်တျာ ဇော်လင်းထက်တို့ ပါဝင်တင်ဆက်ပေး မည်ဖြစ်သည်။ မင်းသမီးအကအလှကို အကနည်းပြအဖြစ် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် သဘင်ပညာဌာန လက်ထောက် ကထိက ဆရာဦးစိုးညွန့်အောင် သင်ကြားပို့ချပေးခြင်းဖြစ်ပြီး လူရွှင် တော် ပြက်လုံးခွင်ပိုင်းဆိုင်ရာကို လူရွှင် တော်ကြီး ဦးချစ်စရာနှင့် ဦးထင်ပေါ် တို့က သင်ကြားပေးကာ အငြိမ့်တေး သီချင်းများကို အမျိုးသားယဉ်ကျေး မှုနှင့် အနုပညာတက္ကသိုလ်ဂီတပညာ ဌာန အငြိမ်းစားတွဲဖက် ပါမောက္ခ ဂီတမှူး စန္ဒရားဦးတင်ဝမ်းနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် ဂီတပညာဌာန တွဲဖက် ပါမောက္ခ ဦးဇော်မိုးကျော်တို့က ရေးသားဖန်တီး ပေးထားသည်။
နိုဝင်ဘာ၂၁ရက် ည ၉ နာရီတွင် မန္တလေးတက္ကသိုလ် မြကွန်းသာ အငြိမ့်အဖွဲ့ ဖျော်ဖြေတင်ဆက်မှုကို မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်