Skip to main content

အကြိမ်(၂၀)မြောက် အာဆီယံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် (၅)ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံ့ဝန်ထမ်း အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၇

အကြိမ်(၂၀)မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းဆိုင်ရာ အဆင့်မြင့် အရာရှိကြီး များ အစည်းအဝေးနှင့် (၅)ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံ့ဝန်ထမ်းအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးများတွင် ထိုင်းနိုင်ငံ နိုင်ငံ့ဝန်ထမ်းကော်မရှင်ရုံး ဒုတိယအထွေထွေေ အတွင်းရေးမှူးချုပ် Dr. Piyawat Sivaraks က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အာဆီယံနိုင်ငံ့ဝန်ထမ်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၏ လုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၀) အောက်ရှိ အကောင်အထည် ဖော်ခဲ့သည့် လုပ်ငန်းစဉ်များအပေါ် ဆန်းစစ်သုံးသပ်ပြီး နောင်လာမည့် ()နှစ် တာကာလအတွင်း ပိုမိုထိရောက်အကျိုးရှိစေရေး၊ အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍ၏ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅)နှင့် အာဆီယံ+ နိုင်ငံများ၏ နိုင်ငံ့ ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) ကိစ္စရပ်များ ကို အကြံပြုဆွေးနွေးကြပြီး  အာဆီယံ၏ အခြားဆက်စပ်အစည်းအဝေးများမှ အာဆီယံ နိုင်ငံ့ ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍနှင့် သက်ဆိုင်သည့် အတည်ပြုချက်နှင့် ဆုံးဖြတ်ချက်များအပေါ် လေ့လာသုံးသပ်ကြသည်။

ထို့ပြင် နိုဝင်ဘာ ၁၈ ရက်တွင် ကျင်းပမည့် အကြိမ် (၂၀)မြောက် အာဆီယံနိုင်ငံ့ ဝန်ထမ်း အဖွဲ့အစည်း အကြီးအကဲများအစည်းအဝေးနှင့် () ကြိမ်မြောက် အာဆီယံ+ နိုင်ငံ့ ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများ အစည်းအဝေး အစီအစဉ်တို့ကို အတည်ပြုပြီး (၂၁) ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၏ ဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းထမ်းဆောင်မည့်  ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးက အလှည့်ကျ တာဝန် ယူသည့်ကာလအတွင်း ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။  

အဆိုပါအစည်းအဝေးများသို့ အာဆီယံနိုင်ငံအသီးသီးမှ နိုင်ငံ့ဝန်ထမ်းကဏ္ဍဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများနှင့်အတူ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဝန်ထမ်းရွေးချယ်လေ့ကျင့် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်တင်စိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်ကြသည်။

(သတင်းစဉ်)