ဘားအံ နိုဝင်ဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရေဘုတ်ဆည်တည်ဆောက်ရာတွင် ပါဝင်သွားသော လယ်ယာမြေများအတွက် နစ်နာကြေးများ ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀) နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ကရင်ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အမှာစကားပြောကြားသည်။ ထို့နောက် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရေဘုတ်ဆည်တည်ဆောက်ရာတွင် ပါဝင်သွားသော လယ်ယာမြေများအတွက် နစ်နာကြေးများပေးအပ်ရာ ကရင်ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကရင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ လှိုင်းဘွဲမြို့နယ် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့ဝင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးခင်ချိုနှင့် ကရင်ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့၊ အတွင်းရေးမှူးဦးကျော်စိုးတို့က နစ်နာကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရေဘုတ်ဆည်တည်ဆောက်ရာတွင် ပါဝင်သွားသော လယ်ယာမြေများအတွက် နစ်နာသူ (၁၂၅) ဦး၊ ဧကပေါင်း (၉၅၁) ဧက၊ နစ်နာကြေး စုစုပေါင်း သိန်းပေါင်း(၇၆၁၃)သိန်းကျော်ရှိကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)