နေပြည်တော် ဇန်နဝါရီ ၈
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယအတွက် ပြည်ပနိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံသမ္မတ ရှိတ်မိုဟာမက်ဘင်ဇာရိဒ်အယ်လ်နာရမ်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် မိမိအနေဖြင့် အဆွေတော်အား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကျန်းမာပျော်ရွှင်ပါစေကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ရင်းနှီးခင်မင် ဖွယ်ကောင်းသည့် မြန်မာပြည်သူများ ပိုမိုဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ ဒုတိယသမ္မတနှင့် ဝန်ကြီးချုပ်၊ ဒူဘိုင်းအုပ်ချုပ်သူ ရှိတ်မိုဟာမက် ဘင်ရှာရှစ်အယ်လ်မက်တွမ် ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် မိမိအနေဖြင့် အဆွေတော်အား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကျန်းမာပျော်ရွှင်ပါစေကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ရင်းနှီးခင်မင်ဖွယ် ကောင်းသည့် မြန်မာပြည်သူများ ပိုမိုဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ ဒုတိယသမ္မတ၊ ဒုတိယဝန်ကြီးချုပ်နှင့် သမ္မတခုံရုံးဥက္ကဋ္ဌ ရှိတ်မန်ဆော ဘင်ဇာရိဒ်အယ်လ်နာရမ် ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် မိမိအနေဖြင့် အဆွေတော်အား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကျန်းမာပျော်ရွှင်ပါစေကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ရင်းနှီးခင်မင်ဖွယ်ကောင်းသည့် မြန်မာပြည်သူများ ပိုမိုဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ထံသို့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ ဒုတိယသမ္မတနှင့်ဝန်ကြီးချုပ်၊ ဒူဘိုင်းအုပ်ချုပ်သူ ရှိတ်မိုဟာမက် ဘင်ရှာရှစ်အယ်လ်မက်တွမ်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် မိမိအနေဖြင့် အဆွေတော်အား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကျန်းမာပျော်ရွှင်ပါစေကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ရင်းနှီးခင်မင်ဖွယ်ကောင်းသည့် မြန်မာပြည်သူများ ပိုမိုဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောထံသို့ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံဒုတိယသမ္မတ၊ ဒုတိယဝန်ကြီးချုပ်နှင့် သမ္မတခုံရုံးဥက္ကဋ္ဌ ရှိတ်မန်ဆောဘင်ဇာရိဒ်အယ်လ်နာရမ် ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် မိမိအနေဖြင့် အဆွေတော်အား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကျန်းမာပျော်ရွှင်ပါစေကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ရင်းနှီးခင်မင်ဖွယ်ကောင်းသည့် မြန်မာပြည်သူများ ပိုမိုဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောထံသို့ ပါကစ္စတန်ဝန်ကြီးချုပ် မစ္စတာ မိုဟာမက်ရှီဘက်ရှာရစ်ဖ်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ပါကစ္စတန်နိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း ရင်းနှီးနွေးထွေးစွာ ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။
ယခုအထိမ်းအမှတ်နေ့သည် မြန်မာနိုင်ငံပြည်သူများ၏ ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှု၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် သာယာဝပြောမှုဆီသို့ ဦးတည်ဖော်ဆောင်ခဲ့ကြသည့် ထင်ရှားသော ဂုဏ်ယူဖွယ်ရာသမိုင်း မှတ်တိုင်တစ်ခုဖြစ်ပါသည်။
ပါကစ္စတန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အစဉ်အလာအားဖြင့် ကောင်းမွန်ခိုင်မာသည့် ဆက်ဆံရေးကို ထိန်းသိမ်းထားကြပါသည်။ အဆွေတော်၏ အမြော်အမြင်ရှိသည့် ခေါင်းဆောင်မှုအောက်တွင် မိမိတို့နှစ်နိုင်ငံချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့သည် ဆက်လက်တိုးတက်ကောင်းမွန်မည်ဖြစ်ပြီး၊ နှစ်နိုင်ငံ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ပြုမှုလမ်းကြောင်းသစ်များကို ဖွင့်လှစ်ပေးစေမည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။
အခွင့်ကြုံခိုက် အဆွေတော်ကျန်းမာရေးကောင်းမွန်ပြီး အောင်မြင်မှုများ ဆက်လက်ရရှိပါစေကြောင်းနှင့် ရင်းနှီးဖော်ရွေသည့် မြန်မာနိုင်ငံပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံသို့ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ရှိတ်အဗ္ဗဒူလာဘင်ဇာရိဒ်အယ်လ်နာရမ်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ