Skip to main content

ရေပူနှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော်  နိုဝင်ဘာ  ၁၄

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းတို့အား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၀  ပြည့်နှစ်   နိုဝင်ဘာ  ၁၃  ရက်တွင် မန္တလေး-မူဆယ်   ပြည်ထောင်စု လမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၆၀၇ စီး၊ သွင်းကုန် ၂၆၁ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ်သွင်းကုန်  ၁၄၂  စီး ကုန်စည်များ သယ်ယူပို့ဆောင် လျက်ရှိသည်။

အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများအား စစ်ဆေးမှုပြုလုပ် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၃ ရက်တွင် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်းမှ တားဆီးမှု တစ်မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀ ဒသမ ၇၃၅ သန်း တန်ဖိုးရှိ  ခြံကြီးကျောင်းကွေ့အနီးတွင် စုပုံထား သော တရားမဝင် ကန့်သတ်ကုန်ပစ္စည်းဖြစ်သည့် ဆေးဝါး ၂၆ မျိုးအား  ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်