နေပြည်တော် ဒီဇင်ဘာ ၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံဦးမြင့်ဦးသည် ကျောက်မဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် မြို့နယ်စည်ပင်ခန်းမ၌ နောင်ချိုမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူ များပါဝင်သည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ရှင်းလင်း ဆွေးနွေးပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဆွေးနွေးညှိနှိုင်းသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံနှင့် အစည်းအဝေးသို့ တက်ရောက်လာသူတာဝန်ရှိသူများသည် နောင်ချိုမြို့နယ်မှ ဘူတာရပ်ကွက်နှင့် တောင်ရပ်ကွက်တို့တွင် ဒုတိယအကြိမ် မဲစာရင်းကပ်ထား ကြေညာမှုများကို ကြည့်ရှုခဲ့ကြောင်းသိရသည်။
သတင်းစဉ်
