ဘားအံ နိုဝင်ဘာ ၁၃
ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်သည် ဘားအံမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ကာလအတွင်း စတုတ္ထအကြိမ် ထောက်ပံ့ငွေ (၂၀၀၀၀)ကျပ်စီကို နိုဝင်ဘာလ(၁၃)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က စတင်ကာ သွားရောက်ထောက်ပံ့ ပေးအပ် ခဲ့ကြောင်းသိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ရဲမှူးကြီးသန်းဝင်း၊ ကရင်ပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးအောင်ဇော်မိုး၊ ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူးတို့ လိုက်ပါကာ ဘားအံမြို့နယ် ကော့ကျိုက်ကျေးရွာအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၃၀)စုအား တစ်အိမ်ထောင်လျှင် (၂၀၀၀၀)ကျပ်နှုန်းစီကို လည်းကောင်း၊ ဝါးဆူး ကျေးရွာ ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၄၇) စုအတွက် အိမ်ထောင်စု တစ်စုလျှင် (၂၀၀၀၀) ကျပ်စီကို လည်းကောင်း၊ ဘားအံမြို့၊ အမှတ်(၇) ရပ်ကွက်ရှိ ပုံမှန် ဝင်ငွေမရှိသော အိမ်ထောင်စု (၆၂၂)စုအတွက် အိမ်ထောင်စု တစ်စုလျှင် (၂၀၀၀၀)ကျပ် စီကို လည်းကောင်း၊ အမှတ်(၈) ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၂၇၃)စုအတွက် အိမ်ထောင်စု တစ်စုလျှင် (၂၀၀၀၀)ကျပ် စီကိုလည်းကောင်း၊ ကိုဗစ်-၁၉ကာလထောက်ပံ့ငွေသွားရောက် ထောက်ပံ့ပေးခဲ့ပြီး Mask များပေးဝေ ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)