Skip to main content

တရားမ အထူးအယူခံမှုလေးမှုကို စီရင်ချက်ချမှတ်ပြီး တရားမ အထူးအယူခံမှုခြောက်မှုကို ရုံးထိုင်ကြားနာ

နေပြည်တော် နိုဝင်ဘာ ၂၄

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဒေါ်သင်းသင်းနွဲ့၊ ဒေါက်တာကိုကိုနိုင်၊ ဒေါ်စိုးခက်ခက်၊ ဒေါ်သင်းသင်းချိုတို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက် ချင်းတွင်းလမ်းရှိ ဇေယျာသီရိခရိုင်တရားရုံး ရုံးခန်းအမှတ်(၁)၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံးရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၆/၂၀၂၅ (မန္တလေး)၊ ၂၃/၂၀၂၅ (ရန်ကုန်)၊ ၂၄/၂၀၂၅ (ရှမ်း)၊ ၂၅/၂ဝ၂၅ (မန္တလေး) စုစုပေါင်း တရားမအထူးအယူခံမှုလေးမှုကို စီရင်ချက်ချမှတ်ပြီး တရားမအထူးအယူခံမှု အမှတ် ၂၁/၂၀၂၅ (မကွေး)၊ ၃၅/၂၀၂၅ (ဧရာဝတီ)၊ ၃၆/၂၀၂၅ (မကွေး)၊ ၃၉/၂၀၂၅ (ရန်ကုန်)၊ ၄၀/၂၀၂၅ (မန္တလေး)၊ ၄၄/၂၀၂၅ (မကွေး) စုစုပေါင်း တရားမအထူးအယူခံမှုခြောက်မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်