ပေါက်ခေါင်း နိုဝင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးပြီဖြစ်၍ မြို့နယ်အတွင်းရှိ မဲရုံအသီးသီးတွင် အသုံးပြုခဲ့သော မဲပုံးနှင့်ဆက်စပ်ပစ္စည်းများကို နိုဝင်ဘာလ ၁၀ ရက်နေ့မှ စတင်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။
ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၈ ခုမှ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုရန် ထုတ်ယူခဲ့သော မဲပုံးနှင့် မဲရုံသုံးပစ္စည်းများကို လာရောက်အပ်နှံခဲ့ကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးက လက်ခံရယူလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)