Skip to main content

ကိုဗစ်-၁၉ ရောဂါနှင့် ရင်ဆိုင်ကျော်လွှားခဲ့ရပုံအကြောင်း‌ ဆွေးနွေးခန်း အစီအစဉ် ထုတ်လွှင့်မည်

နေပြည်တော် နိုဝင်ဘာ ၁၀

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှစ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေး နေ့များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသ လျက် ရှိသည်။

ယခုအခါ အပတ်စဉ် ဗုဒ္ဓဟူးနေ့၊ ညနေ ၆ နာရီခွဲတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး ပြန်လည် ကျန်းမာလာသူများနှင့် ဆွေးနွေး မေးမြန်းခန်းကို ထုတ်လွှင့်ရန် စီစဉ် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၁ ရက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး ပြန်လည် ကျန်းမာလာသူများဖြစ်ကြသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ၊ ကျန်းမာရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ကိုကိုထွန်း၊ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှ ဒေါက်တာထက်ဇော်လင်း၊ လမ်းမတော် မြို့နယ်မှ ဦးအောင်မြင့်တို့၏ ကိုဗစ်-၁၉ ရောဂါနှင့် ရင်ဆိုင်ကျော်လွှားခဲ့ရပုံများအကြောင်း ဆွေးနွေးခန်းအစီအစဉ်ကို ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်