Skip to main content

အမုန်းစကားကို ဆန့်ကျင်ကြ၊ တားဆီးကြရမည်

လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား/မ(သို့မဟုတ်) မည်သူမည်ဝါဖြစ်သည်ဆိုသည့် အကြောင်းအရာတို့အပေါ်အခြေပြု၍ လူပုဂ္ဂိုလ်တစ်ဦး(သို့မဟုတ်)လူအုပ်စုတစ်စုကို မျှတမှုမရှိစွာဝေဖန်သည့် (သို့မဟုတ်)မလိုမုန်းထားမှုကိုဖော်ပြသည့် ဆက်ဆံမှုတစ်မျိုးမျိုးကိုရည်ညွှန်းပြီး အကြမ်းဖက်ရန်လှုံ့ဆော်ခြင်းသည် အမုန်းစကားပင်ဖြစ်သည်။

အမုန်းစကားပြန့်ပွားခြင်းသည် လူ့အဖွဲ့အစည်းအတွင်းခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုကို ဖြစ်ပေါ်စေပြီးဂုဏ်သိက္ခာရှိစွာနေထိုင်ရန်နှင့် ငြိမ်းချမ်းပြီးညီညွတ်သည့်လူ့အဖွဲ့အစည်းတည်ဆောက်ရန်မျှော်မှန်းချက်တို့ကို ထိခိုက်စေသည့်အပြင် အကျင့်စာရိတ္တကိုလည်း ထိပါးစေသည်။

သို့ဖြစ်၍ ပြည်သူများအနေဖြင့် အမုန်းစကားများကို ရှုတ်ချရန်နှင့်တားဆီးရန်စီမံဆောင်ရွက်ရမည်။  အမုန်းစကားဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် အားလုံးပါဝင်ရန်နှင့် ပံ့ပိုးအားပေးရမည်။